ဇာတ်ကားများ ရွေးရန်

Fixed

2025ဇာတ်ကားအမှတ် 6.8/1087 မိနစ်

ကလေးတွေကြည့်ရှုဖို့မသင့်တဲ့ Adult Animation Flim ဖြစ်တဲ့ “Fixed” (2025) ဟာ ဒါရိုက်တာ Genndy Tartakovsky ရိုက်ကူးပြီး ဒါရိုက်တာကိုယ်တိုင်နဲ့ Jon Vitti တို့ရေးသားထားတာပါ။ Sony Pictures Animation မှထုတ်လုပ်ထားပြီး Netflix မှာ ၂၀၂၅ သြဂုတ် ၁၃ ရက်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ Adam DeVine၊ Idris Elba၊ Kathryn Hahn၊ Fred Armisen၊ Beck Bennett နဲ့ Bobby Moynihan တို့က အသံသရုပ်ဆောင်များအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းဟာ ဘူးဆိုတဲ့ စတာဖို့ဒ်ရှိုင်းယား ဘူလ်တယ်ရီယာ ခွေးတစ်ကောင်အကြောင်းဖြစ်ပြီး သူဟာ ဘောကြီးကြီးနဲ့မွေးလာလို့ ဂုဏ်ယူဝင့်ကြွားနေတတ်တဲ့သူတစ်ယောက်ပါ။ မနက်တိုင်းလည်း အဘွားရဲ့ခြေထောက်ကို ဘုနေရတာကို သိပ်အရသာတွေ့နေတတ်တဲ့သူပါ။ တဖက်မှာလည်း အိမ်က အလိုလိုက်ပြီး လုပ်ချင်တာလုပ်လို့ရတဲ့သူပါ။ သူမှာ မနက်လမ်းလျှောက်တိုင်း ပေါက်ကရတွေပြောတတ်တဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ရော့ကို၊ ဖက်ချ်၊ လပ်ကီးတို့လည်း ရှိပါတယ်။ ဘူးက သူတို့ဘေးအိမ် က ငယ်ပေါင်းသူငယ်ချင်း ဟန်နီကို ကြိတ်ကြိုက်နေပေမဲ့ ခွေးအလှပြပြိုင်ပွဲဟန်နီကို ဖွင့်ပြောဖို့ တွ့န်ဆုတ်နေတဲ့ကောင်လေးပါ။ နောက်တစ်နေ့မနက်မှာ သူရဲ့သခင်ကို သူရဲ့ဘောတွေကို ဖြတ်ဖောက်ချုပ်လုပ်တော့မယ်လို့ ရိပ်စားမိသွားတဲ့နောက် အိမ်ကနေထွက်ပြေးလာပြီး စွန့်စားခန်းထွက်ပါတော့မယ်။ အဲဒီစွန့်စားခန်းမှာ သူဘယ်လိုအရာတွေကို ကြုံ့တွေ့ရမလဲ ဇာတ်လမ်းပြီးတဲ့အထိ စောင့်ကြည့်လိုက်ကြပါ။ ကလေးတွေအတွက် မသင့်လျော်ပေးမယ့် ခွေးသဘာဝတွေ ဘယ်လိုစဥ်းစားတတ်လဲဆိုတာ အသေးစိတ်ရိုက်ပြထားတဲ့အတွက် အကြိုက်တွေ့စေ့မယ့်ကာတွန်းကားလေးပါပဲ။ File Size… (1.29GB) / (672MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 27m Genre ….Adventure , Animation , Comedy , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း