Mickey: The Story of a Mouse
အနီရောင်ဘောင်းဘီတို၊ အဝါရောင်ဖိနပ်နဲ့ အဖြူရောင်လက်အိတ် ဝတ်ထားတဲ့ မစ်ကီမောက်စ်ကို ဝေါ့တ်ဒစ်စနေနဲ့ အာ့ဘ်အိုင်ဝါ့ခ်စ်တို့က ၁၉၂၈ ခုနှစ်မှာ ဖန်တီးခဲ့ကြပါတယ်။ ဝေါ့တ်ဒစ်စနေ အရာအားလုံးဆုံးရှုံးထားချိန်မှာ ပေါ်လာခဲ့တဲ့ ဒီကြွက်ကလေးဟာ နောက်ပိုင်းမှာ အလျင်အမြန် နာမည်ကြီးလာပြီး ကာတွန်းလောကရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင် ဖြစ်လာခဲ့တယ်။ ဒီမှတ်တမ်းရုပ်ရှင်က မစ်ကီရဲ့သမိုင်းကို ခေတ်အဆက်ဆက်နဲ့အတူ ပြန်ပြောပြထားပါတယ်။ အမေရိကန် စီးပွားရေးပျက်ကပ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေးကာလ၊ လူမျိုးရေးခွဲခြားမှုတွေ၊ ဗီယက်နမ်စစ်ပွဲနဲ့ မူပိုင်ခွင့်ကိစ္စတွေကြားမှာ မစ်ကီရဲ့ပုံရိပ်က ပုံစံအမျိုးမျိုးနဲ့ ရှိနေခဲ့တယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ အသက် ၉၄ နှစ်ပြည့်ခဲ့တဲ့ မစ်ကီဟာ ကာတွန်းဇာတ်ကောင်တစ်ကောင်ထက် ပိုတဲ့ အထင်ကရပုံရိပ်တစ်ခုအဖြစ် ကမ္ဘာတစ်ဝန်းမှာ နေရာယူထားဆဲပါ။ ရာစုနှစ်တစ်စုနီးပါးအတွင်း သူ့ပုံရိပ် ဘယ်လိုပြောင်းလဲလာခဲ့သလဲဆိုတာနဲ့ အဲဒီကာလတစ်လျှောက်က အတက်အကျတွေကို မှတ်တမ်းတင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း