The Wounds
IMDb 8.0/10 ဒီဇာတ်ကားကတော့ ဆာဘီးယားဇာတ်ကားပါ။Legendary အထင်ကရဇာတ်ကားလို့သတ်မှတ်ခံထားရတဲ့ဇာတ်ကားဖြစ်ပါတယ်။ Srdjan Dragojevicကရေးသားရိုက်ကူးပေးထားပါတယ်။ ဇာတ်လမ်းကတော့ ယူဂိုစလားဗီးလားပြည်တွင်းစစ်ဖြစ်ပြီးလူမျိုးစုတွေအချင်းချင်းတင်းမာမှုတွေဖြစ်နေတဲ့၁၉၉၀နှစ်တွေမှာယူဂိုဆလားဗီးယားခေါင်းဆောင်တီးတိုးအလွန်မျိုးဆက်တွေဖြစ်တဲ့လူငယ်လေးနှစ်ဦးဖြစ်တဲ့ပင်ကီနဲ့ဆာဗားဘားက ဆာဘီးယားနိုင်ငံဘဲဂရိတ်မြို့မှာကြီးပြင်းလာပါတယ်။ ယူဂိုဆလားဗီးယားနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့နိုင်ငံရေးအခြေအနေကိုလည်းခပ်ပါးပါးတင်ပြထားပါတယ်။နိုင်ငံကအနောက်နိုင်ငံအုပ်စုရဲ့စီးပွားရေးပိတ်ဆို့တာကိုလည်းခံထားရပါတယ်။ဇိမ်ခံပစ္စည်းမှောင်ခိုစျေးကွက်ထွန်းကားလာသလို ပြည့်တန်ဆာတွေ မူးယစ်ဆေးဝါးတွေပေါလာသလို ရာဇဝတ်ဂိုဏ်းတွေလည်းပေါ်ပေါက်လာပါတယ်။ လူငယ်လေးတွေလည်းပြည်တွင်းရဲ့ပြိုကွဲမှုတွေမငြိမ်သက်မှုတွေရဲ့သက်ရောက်မှုကိုခံစားရပါတယ်။အဲဒီကြားကပဲ ဂိုဏ်းတွေဖွဲ့ မူးယစ်ဆေးတွေရောင်းဝယ်ကြရင်း၊မူးယစ်ဆေးရဲ့သားကောင်ဖြစ်ရုံမကပဲလူသတ်မှုတွေပါကျူးလွန်လာကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ ပင်ကီနဲ့ဆာဗားဘားဘယ်လိုဖြစ်ပြီး မူးယစ်ဂိုဏ်းထဲရောက်တယ် နောက်ဆုံးဘာတွေဖြစ်တယ်ဆိုတာက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖြူစင်တဲ့ဆယ်ကျော်သက်လေးတွေဘဝကနေ တစ်စစ မကောင်းတဲ့ဝန်းကျင်ကြောင့်ဘယ်လိုပြောင်းလဲအဆုံးသတ်သွားလဲ ဂရုဏာသက်စရာမြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ Bronze Horse Awardကိုရထားပါတယ်။ File size…(742 MB) Quality….Webrip HEVC 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း