ဇာတ်ကားများ ရွေးရန်

Jalsa

2008ဇာတ်ကားအမှတ် 6.9/10161 မိနစ်

Jalsa (2008)"ပျော်" 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ တေလေဂူးစကားပြော ဟာသအက်ရှင်ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ လက်ရှိမှာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရဲ့ ၁၁ ယောက်မြောက် ဒုပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ တေလေဂူးမင်းသားကြီး ပါဝမ်ကာလျန်က ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ မာစတာဘွဲ့သုံးခုရထားပြီးပေမဲ့ ပညာသင်ရတာမဝသေးလို့ ကျောင်းဆက်တက်နေတဲ့ ကျောင်းသားလူကြီး ဆန်ဂျေးဟာ အလုပ်မရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရည်းစားကလမ်းခွဲတာခံလိုက်ရပါတယ်။ ကျောင်းတက်နေသလို တစ်ဖက်တလမ်းကလည်း ကွန်ဖူးဆရာလုပ်နေတဲ့ ဆန်ဂျေးဟာ လမ်းခွဲခံရပေမဲ့ အသည်းမကွဲတဲ့အပြင် ရည်းစားဟောင်းရဲ့မင်္ဂလာဆောင်မှာပါ ဘော်ဒါတစ်အုပ်ခေါ်သွားပြီး တစ်ဖြဲနှစ်စားနိုင်တဲ့ထိ အသည်းမာတဲ့သူပါ။ အဲဒီလိုအသည်းမာတဲ့ဆန်ဂျေးရဲ့ဘဝထဲကို ကလက်တက်တက်ကောင်မလေးနှစ်ယောက် ပြဿနာတွေနဲ့အတူရောက်လာတဲ့အချိန်မှာတော့...။ ကွန်ဖူးဆရာကျောင်းသားလူကြီးလေး ဆန်ဂျေးရဲ့ အချစ်စွန့်စားခန်းတွေကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ B-Team ပါ။) File size… 3 GB / 1.8 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Translated by B Team

ဇာတ်လမ်းအကြောင်း