ဇာတ်ကားများ ရွေးရန်

Radio Star

2006ဇာတ်ကားအမှတ် 7.0/10115 မိနစ်

Radio Star (2006) ဒီတစ်ခါ တင်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်ကားမှာတော့ မင်းသားကြီးAhn Sung Kiနဲ့ မင်းသားကြီးPark Joong Hoonတို့က အဓိကပါဝင်ထားပြီး box office 12.5သန်းရရှိခဲ့တဲ့အပြင် ဆုတွေလည်း အများကြီးဆွတ်ခူးနိုင်ခဲ့တဲ့ comedy-dramaရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တစ်ချိန်က ထိပ်တန်း‌ရော့ခ်အဆိုတော်တစ်ယောက်ဖြစ်ခဲ့တဲ့ ချွဲဂွန်း(Park Joong Hoon)ဟာ အောင်မြင်မှုကို သေချာမထိန်းသိမ်းဘဲ စိတ်ထင်ရာနေခဲ့တာကြောင့် လက်ရှိမှာတော့ ကော်ဖီဆိုင်တစ်ခုမှာ သီချင်းဆိုနေရပါတယ်။ တစ်နေ့မှာတော့ ချွဲဂွန်းဟာ ကော်ဖီဆိုင်ပိုင်ရှင်နဲ့ အငြင်းပွားရင်း လက်သီးနဲ့ထိုးလိုက်တာကြောင့် အချုပ်ကျသွားပါတော့တယ်။ အဲဒါကြောင့် ချွဲဂွန်းရဲ့ နှစ်၂၀ကြာ သစ္စာရှိမန်နေဂျာဖြစ်တဲ့ ဘတ်မင်ဆူ (Ahn Sung Ki)ဟာ ချွဲဂွန်းကို အာမခံနဲ့ထုတ်ပေးနိုင်ဖို့အတွက် ရေဒီယိုအသံလွှင့်ဌာနရဲ့ဒါရိုက်တာနဲ့ အပေးအယူတစ်ခုလုပ်ရပါတော့တယ်။ အဲဒီအပေးအယူကတော့ ယောင်းဝေါလ်ဆိုတဲ့နယ်မြို့လေးမှာ ချွဲဂွန်းကို ရေဒီယိုဒီဂျေအဖြစ် လုပ်ခိုင်းတာပါပဲ။ အဲဒီလိုနဲ့ နယ်ဘက်မှာ ရေဒီယို‌‌ဒီဂျေမလုပ်ချင်ပေမဲ့ ကိုယ်တိုင်ရဲ့လက်ရှိအခြေအနေကြောင့်လက်ခံလိုက်ရတဲ့ ချွဲဂွန်းတစ်ယောက် အရင်လို ပြန်အဆင်ပြေလာနိုင်ပါ့မလား။ မန်နေဂျာကြီးနဲ့ နှစ်ယောက်သားတွဲဖက်ညီညီ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော် File Size - 1.8 GB/ 764 MB Quality - BluRay 1080p/ 720p Duration - 1h 52m Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း