ဇာတ်ကားများ ရွေးရန်

Miss Granny

2014ဇာတ်ကားအမှတ် 7.3/10124 မိနစ်

Miss Granny (2014) ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ Who is She ဇာတ်လမ်းတွဲရဲ့ မူလပထမ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုရီးယားတင်မကဘဲ တရုတ် ၊ ဂျပန် ၊ ထိုင်း ၊ ဖိလစ်ပိုင်တို့မှာပါ remake အဖြစ် ပြန်လည်ရိုက်ကူးပြသခြင်းခံရတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ….ဇာတ်လမ်းအကျဉ်း…. အဘွားမာဆွန်းဟာ ငယ်ရွယ်စဉ်ကတည်းက ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက် သားဖြစ်သူကို ပင်ပန်းကြမ်းတမ်းစွာ တစ်ဦးတည်း ပြုစုပျိုးထောင်လာခဲ့သူပါ။ ဒီလိုမျိုး သားဖြစ်သူကို တက္ကသိုလ်ပါမောက္ခတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်နိုင်ခဲ့ပေမဲ့ အသက် ၇၀ ကျော်အရွယ်ရောက်လာတဲ့အခါမှာတော့ သူဟာ အိမ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အဘွားမာဆွန်းတစ်ယောက် လမ်းသွားရင်း ဓာတ်ပုံဆိုင်တစ်ဆိုင်တွေ့လို့ ဝင်ပြီး ဓာတ်ပုံရိုက်ရာက မထင်မှတ်ထားလောက်အောင် အသက် ၂၀ နှစ်အရွယ် ရုပ်ရည်သွင်ပြင်နဲ့ မိန်းမပျိုလေးဘဝကို ပြန်ရောက်သွားပါတော့တယ်။ ဟိုအရင်က မက်ခဲ့တဲ့ အိပ်မက်ကို လက်လှမ်းနိုင်ခဲ့တဲ့ အဘွားမာဆွန်းတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ Miss Granny ဆိုတဲ့ ရုပ်ရှင်မှာ ကြည့်ရှုခံစားနိုင်ပါပြီ။ Cast တွေ အနေနဲ့ကတော့ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Na Moon Hee, Park In Hwan, Shim Eun Kyung, Lee Jin Wook တို့အပြင် တခြား နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတာမို့လို့ သရုပ်ဆောင်အပိုအလိုမရှိဘဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ File Size - 1.75 GB/ 758 MB Quality - BluRay 1080p/ 720p Duration - 2h 4m Format - mp4 Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း