ဇာတ်ကားများ ရွေးရန်

A Lot Like Paris Aka Pare parecchio Parigi

2024ဇာတ်ကားအမှတ် 6.0/1096 မိနစ်

A Lot Like Paris Aka Pare parecchio Parigi 2024 ဒါရိုက်တာ: Leonardo Pieraccioni ရိုက်ကူးထားပြီး နာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Leonardo Pieraccioni Chiara Francini၊ Giulia Bevilacqua၊ Nino Frassica တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။ ဟာသ (Comedy) အမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၉၈၂ ခုနှစ်မှာ မိုက်ကယ်လ် (Michele) နဲ့ ဂျီယန်နီ ဘူဂလီ (Gianni Bugli) ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ သူတို့ရဲ့ ဖျားနာနေတဲ့ ဖခင်ကို ပဲရစ်မြို့ရောက်နေတယ်လို့ ထင်အောင် လှည့်စားပြီး သူတို့ရဲ့ ကျောင်းက ခြံထဲမှာပဲ ကားနဲ့ ၁၀ နာရီကြာ လှည့်ပတ်မောင်းနှင်ခဲ့ကြပါတယ်။ ဇာတ်လမ်းအကျဉ်း Pare Parecchio Parigi ဟာ နှစ်ပေါင်းများစွာ စကားမပြောဘဲ စိမ်းကားနေကြတဲ့ မောင်နှမသုံးယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ သူတို့ရဲ့ ဖခင်က နောက်ဆုံးဆန္ဒအဖြစ် ပဲရစ်မြို့ကို အတူတူ ခရီးထွက်ချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဖခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် တကယ်တမ်း ခရီးထွက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ သူတို့သုံးယောက်ဟာ စိတ်ကူးရှိတဲ့အတိုင်း ပဲရစ်ကို ခရီးထွက်ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့က ဖခင်ကို ကားထဲတင်ပြီး အမှန်တကယ်တော့ ပဲရစ်မြို့ကို မသွားဘဲ သူတို့ရဲ့ မြင်းကျောင်းခြံထဲမှာပဲ လှည့်ပတ်နေကြပါတယ်။ ခရီးစဉ်အတုတစ်ခု ဖန်တီးရင်း မောင်နှမတွေဟာ အချင်းချင်း စကားတွေပြောဖြစ်ကြပါတယ်။ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေကို ဖြေရှင်းကြရင်း မိသားစုနှောင်ကြိုးကို ပြန်လည်တည်ဆောက်ကြပုံကို စိတ်လှုပ်ရှားဖွယ် ဟာသပုံစံနဲ့ ရိုက်ကူးထားပါတယ်။ File size…1.4 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder…B Coder Translated by Mahaw

ဇာတ်လမ်းအကြောင်း