ဇာတ်ကားများ ရွေးရန်

Wild Men

2022ဇာတ်ကားအမှတ် 5.9/10101 မိနစ်

မာတင်ဟာ မြို့မှာ မိသားစုနဲ့ အလုပ်အကိုင်နဲ့ အဆင်ပြေနေပေမယ့် နေ့စဉ်လူနေမှုဘဝကို မွန်းကျပ်လာတဲ့သူပါ။ ငြိမ်းချမ်းမှုကို ရှာချင်လို့ မိသားစုကို ထားခဲ့ပြီး တောတောင်ထဲ တစ်ယောက်တည်း ထွက်လာခဲ့တယ်။ တောင်ပေါ်မှာ စခန်းချ၊ လေးမြှားနဲ့ အမဲလိုက်၊ ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ရင်း ဗိုက်ကင်းတစ်ယောက်လို နေလာတာ တစ်ပတ်ကျော်နေပါပြီ။ အဲဒီအချိန်မှာ မူးယစ်ဆေးမှောင်ခိုသမား မူဆာနဲ့ သူငယ်ချင်းနှစ်ယောက် စီးလာတဲ့ကားက မာတင်နေတဲ့အနီးမှာ မတော်တဆဖြစ်သွားတယ်။ ဒီလိုနဲ့ မာတင်နဲ့ မူဆာတို့ ဆုံမိကြပါတယ်။ မာတင်ကို ရဲတွေနဲ့ မိသားစုက လိုက်ရှာနေသလို မူးယစ်ဆေးတစ်အိတ်နဲ့ မူဆာကိုလည်း သူ့သူငယ်ချင်းနှစ်ယောက်က ပြန်လိုက်ရှာနေကြတယ်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အားကိုးရင်း တောထဲမှာ ကိုယ်သိသလောက်လေးနဲ့ ရှင်သန်ဖို့ ကြိုးစားကြရာက ပြဿနာတွေ တက်လာကြတဲ့ ဟာသသည်းထိတ်ရင်ဖိုဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း