My Fair Lady
My Fair Lady (1964) Genre: Musical, Romance, Drama IMDB- 7.7/10 Rotten Tomatoes - 94% အခုစာဖတ်နေတဲ့သူတွေထဲမှာ English စာကိုလေ့လာနေတာကြာနေပြီဆိုပေမဲ့ တချို့စကားလုံးတွေကို အသံထွက်မှန်မှန်မထွက်နိုင်တဲ့သူတွေရှိလား ။ အခုပြောပြမယ့်ကားလေးက ၁၉၆၅ ခုနှစ် Academy Awards (Oscars) မှာ My Fair Lady ဇာတ်ကားက ဆု ၈ ဆု အောင်ရရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။ လန်ဒန်မြို့မှာ ပန်းရောင်းတဲ့ စကားပြောလေသံမမှန်တဲ့ Eliza Doolittle ဆိုတဲ့ကောင်မလေးရဲ့ ဘဝအကြောင်းကိုရိုက်ပြထားတာ။ သူကလည်း ကျွန်မတို့လိုပဲ စကားပြောတဲ့အချိန်တွေမှာ English Pronunciation အသံမှန်မှန်မထွက်နိုင်တဲ့ကောင်မလေးတစ်ယောက်ပေါ့။ ပြောရမယ်ဆိုရင် ဆင်းရဲတဲ့မိသားစုကမို့ ပညာရေးကောင်းကောင်းသင်ကြားမလာခဲ့ရတဲ့သူပေါ့။ စာမတတ်ပေမတတ်လေးတစ်ယောက်မို့ လန်ဒန်မြို့တစ်ခွင် လမ်းမဘေးမှာပန်းလှည့်ရောင်းနေရတဲ့သူ တစ်နေ့ သူပန်းရောင်းနေတုန်း သူ့အသံထွက်မမှန်တာကိုလိုက်မှတ်နေတဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့တယ်။ အဲ့လူကတော့ ဘာသာစကားကျွမ်းကျင်တဲ့ ပါမောက္ခ Henry Higgins ဆိုတဲ့လူပဲ။ သူကအဲမှာ လူတွေရဲ့ စကားပြောလေသံမှန်မမှန်ကိုလိုက်လေ့လာပြီး ဝေဖန်နေတဲ့သူပေါ့ ။ အဲနေ့မှာပဲ Eliza က Colonel Pickering ဆိုတဲ့ အိန္ဒိယဘာသာစကားမှာ ကျွမ်းကျင်တတ်မြောက်တဲ့သူတစ်ယောက်နဲ့တွေ့တယ်။ Higgins က Eliza ကို လေသံမမှန်တော့ အဲတာကြောင့်ဆင်းရဲနေတယ်ဘာညာ နှိမ့်ချဝေဖန်ပြောနေတာ ၊ အဲ့အချိန် Pickering က Eliza ဘက်ကနေ ကူညီပြီးပြန်ပြောပေးခဲ့တာ ။ အဲလိုနဲ့သူတို့သုံးယောက်ဆုံကြတာ နောက်ကျတော့ Higgins က Eliza ကို လေသံမှန်မှန်ထွက်နိုင်ရင် အသံထွက်မှန်ရင် ဘယ်လိုကောင်းတဲ့ဘဝရနိုင်တယ် ၊ အဆင့်ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင် ပြောင်းလဲနိုင်တယ်ဆိုပြီး ပြောပြတယ် ။ အဲလိုတကယ်ဖြစ်မဖြစ်ကို စမ်းသပ်ဖို့ Higgins နဲ့ Pickering က လောင်းကြေးထပ်ခဲ့ကြတယ်။ အဲအချိန်ကစပြီး Eliza က Higgins အိမ်မှာလိုက်နေရပြီး အဝတ်အစား ဝတ်ပုံ၊ နေပုံ ထိုင်ပုံ ပြောပုံဆိုပုံ၊ အဓိကကတော့ သူရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်တွေတိုးတက်အောင်လေ့လာသင်ယူခဲ့ရတယ်။ Eliza ကဆင်းရဲတဲ့သူဆိုပေမဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်ဆိုလည်းဟုတ်တယ်။ သူက Higgins သင်ပြပေးတာတွေကိုမနာခံချင်တဲ့အချိန်တွေလည်းရှိပေမဲ့ သူအတတ်နိုင်ဆုံးကြိုးစားလုပ်ခဲ့တယ်။ Eliza အနေနဲ့ရော ဘယ်လိုစိတ်ခံစားချက်တွေဖြစ်ပေါ်လာနိုင်မလဲ၊ သူရဲ့ရလာတဲ့ ဘဝအသစ်ကိုရောကျေနပ်ပါ့မလား၊ သူရဲ့ အချစ်ပုံပြင်လေးကရော ဘယ်လ်ိုဖြစ်လာမလဲဆိုတာကစိတ်ဝင်စားစရာကောင်းတယ်။ နောက်ပိုင်းမှာတော့ Eliza ကသူတို့လောင်းထားတဲ့အတိုင်း အင်္ဂလိပ်စကားပြောတိုးတက်လာရုံနဲ့ လူဝင်ဆန့်တဲ့သူဖြစ်လာမလား ၊ သူတို့ရဲ့အစီအစဉ်အောင်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ဆက်ပြီးကြည့်ရမှာပါ။ ဒီကားကပေးချင်တဲ့ အဓိကအကြောင်းအရာကတော့ ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ရင် လူတွေကအထင်ကြီးပြီး နေရာတစ်ခုရနိုင်ကြောင်းကို ဖော်ပြချင်တယ်လို့မြင်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရတာတန်တာမို့ Classic Movie ကြိုက်တဲ့ CM ပရိတ်တွေတော့အကြိုက်တွေ့မယ်လို့ထင်တယ် Eliza Doolittleအဖြစ် Audrey Hepburnကသရုပ်ဆောင်ထားပြီး Professor Henry Higgins အဖြစ် Rex Harrisonကသရုပ်ဆောင်ထားပါတယ် ၁၉၆၅ ခုနှစ် Academy Awards (Oscars) မှာ My Fair Lady ဇာတ်ကားက ဆု ၈ ဆုရရှိခဲ့တဲ့ ဆုတွေကိုဖော််ပြပေးလိုက်ပါတယ် 1 . Best Picture Award 2. Best Director (အကောင်းဆုံးဒါရိုက်တာဆု) – George Cukor 3. Best Actor (အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု) – Rex Harrison (Professor Higgins အဖြစ်) 4. Best Cinematography award – Harry Stradling 5. Best Art Direction – Color (အနုပညာအပြင်ဆင်အကောင်းဆုံးဆု) 6. Best Costume Design – Color (ဝတ်စုံဒီဇိုင်းအကောင်းဆုံးဆု) – Cecil Beaton 7. Best Sound award 8.Best Score – Adaptation or Treatment (ဂီတဖန်တီးမှုအကောင်းဆုံးဆု) – André Previn ဒီဆုတွေကြောင့် My Fair Lady ဟာ ရုပ်ရှင်သမိုင်းမှာ ထင်ရှားပြီး ထိပ်တန်းဂီတရုပ်ရှင်တစ်ကားအဖြစ် နာမည်ကျော်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း