Penguin Highway
Penguin Highway (2018) IMDB : 7.1/10, MyAnimeList : 7.5/10 ဒီကားလေးကတော့ Your name တို့လို Weathering with you တို့လို sci-fi ဆန်ဆန်လေးနဲ့ animation လဲလှနေပြီးတော့ လုံးဝကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အကြောင်းအရာလေးကတော့ Aoyama လို့ခေါ်တဲ့ ဒို့ရဲ့ MC အနာဂတ်လောင်းသိပ္ပံပညာရှင် ဉာဏ်ကြီးရှင်လေးက ထူးဆန်းတဲ့အရာမှန်သမျှစိတ်ဝင်စားပြီး သုတေသနလုပ်ချင်သူလေးဖြစ်တယ်။ တစ်နေ့မှာတော့ သူတို့လိုဆင်ခြေဖုံးဒေသဖြစ်တဲ့မြို့လေးမှာ ပင်ဂွင်းတွေက အုပ်လိုက်ကြီးရောက်နေတာကို တွေ့လိုက်ရတယ်။ ဒါကိုသူကစိတ်ဝင်စားသွားပြီး ပင်ဂွင်းတွေဘယ်ကလာလဲ ဘယ်လိုဒီလိုနေရာကိုရောက်နေလဲ ဘာကြောင့်လဲဆိုပြီး ပဟေဠိတစ်ခုပြီးတစ်ခု သူ့သူငယ်ချင်းနဲ့အတူ ဖြေရှင်းဖို့ လုပ်ပါတော့တယ်။ဒီကြားထဲ သွားဆေးရုံမှာအလုပ်လုပ်နေတဲ့ အစ်မကြီးတစ်ယောက်ကို သူကကြိတ် crush နေမိတယ်။ဒါပေမဲ့ ပဟေဠိတွေကိုဖြေရှင်းဖို့ အဖြေရှာရင်း သိလိုက်ရတာက အဲ့အစ်မကြီးနဲ့ ဒါတွေဟာ ဆက်စပ်နေပြီးတော့ ဘယ်လိုတွေများဆက်စပ်နေလဲဆိုတာကိုရှာဖွေရင်း ဇာတ်ကားလေးကို ကြည့်ရှုခံစားကြည့်လိုက်ရအောင်။
ဇာတ်လမ်းအကြောင်း