Good Night
မိုဟန်တို့မိသားစုက လူများပြီး သိုက်သိုက်ဝန်းဝန်း နေကြတဲ့ အိမ်တစ်အိမ်ပါ။ တစ်ယောက်ပြဿနာကို တစ်ယောက် ကူဖြေရှင်းပေးကြပေမယ့် မိုဟန်ရဲ့ ဟောက်သံကိုတော့ အိမ်သားတွေတောင် သည်းမခံနိုင်ကြဘူး။ ညဘက်ဟောက်တတ်တဲ့ ပြဿနာကြောင့် အချစ်ရေးမှာလည်း အဆင်မပြေဖြစ်နေသူပါ။ တစ်နေ့ ယောက်ဖနဲ့အတူ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့ မိန်းကလေးနဲ့ တွေ့ပြီး နှစ်ယောက်သား ချစ်ကြိုက်သွားကြတယ်။ ချစ်မိကြတာက တစ်ပိုင်း၊ အတူနေတဲ့အခါ မိုဟန်ရဲ့ ဟောက်သံကို အာနူး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာက တစ်ပိုင်းဖြစ်လာပါတယ်။ အသေးအဖွဲလို့ ထင်ရတဲ့ အဲဒီပြဿနာကို နှစ်ယောက်သား နားလည်မှုနဲ့ ဘယ်လိုညှိယူကြမလဲဆိုတာ ရေးဖွဲ့ထားတဲ့ တမီးလ်မိသားစုဒရမ်မာပါ။ Manikandan နဲ့ Meetha တို့ အဓိကသရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း