ဇာတ်ကားများ ရွေးရန်

Drishyam

2015ဇာတ်ကားWeb-dl 1080p

Vijay ဟာ အသေးစား ရုပ်ရှင်ချန်နယ်လေးတစ်ခုကို ထောင်ထားတဲ့သူပါ။ တနေကုန် ရုံးမှာထိုင်နေပြီး ဘာမှလည်းလုပ်စရာမရှိတဲ့အတူ အမြဲလိုလို ရုပ်ရှင်တွေချည်း ထိုင်ကြည့်နေတတ်တဲ့သူ။ သူ့ရဲ့ ဗဟုသုတတွေဟာ ရုပ်ရှင်ကဘဲရတဲ့အပြင် သူက ၄ တန်းဘဲအောင်တဲ့ မိဘမဲ့တစ်ယောက်လည်းဖြစ်ပါသေးတယ်။ အခုတော့ သူ့ဇနီးရယ် သမီးနှစ်ယောက်ရယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဘဝကြီးကိုဖျက်သန်းနေသူပေါ့။ တစ်ရက်မှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဟာ သူ့တို့ဘဝကြီးစီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်။ Vijay ရဲ့ သမီးကြီးဟာ ဆယ်ကျော်သက်အရွယ်ပါ။ ကျောင်းကနေ ခရီးထွက်တဲ့အခါ သူအင်္ကျီလဲနေတာကို ချာတိတ်တစ်ယောက်က ခိုးပြီး ဗီဒီယိုရိုက်ထားခဲ့တယ်။ ရက်နည်းနည်းအကြာမှာတော့ ချာတိတ်က သူနဲ့ အတင်းဆက်ဆံဖို့အတွက် ဗီဒီယိုပြပြီးခြိမ်းခြောက်ပါတော့တယ်။ အင်တာနက်ပေါ်မတင်စေချင်ရင် ဒီည အိမ်တံခါးဖွင့်ထားဖို့နဲ့ သူလာခဲ့မယ်ဆိုပြီး သတိပေးလိုက်ပါတယ်။ ညကျ အိမ်လည်းလာရော Vijay ရဲ့ ဇနီးနဲ့သမီးရယ်နဲ့ ဟိုချာတိတ်တို့ ပရိပက္ခဖြစ်ပြီးVijay သမီးဟာ ချာတိတ်ကို ရိုက်လိုက်တာ လက်လွန်ပြီး ချာတိတ်ခမျာ နေရာတင် အသက်ပျောက်ရှာတယ်။ Vijay ရဲ့ ဇနီးဟာ Vijay ထက် ပညာအရာမှာ တော်ပေမယ့် တကယ်တမ်းလက်တွေ့မှာကျ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပါတော့တယ်။ မနက်ကျ Vikay တစ်ယောက်ရုံးကနေ တစ်ညလုံး ရုပ်ရှင်ကြည့်ပြီးပြန်လာတော့မှ အကြောင်းစုံရှင်းပြပါတော့တယ်။ ဒီတော့ တစ်မိသားစုလုံးရဲ့ နောင်ရေးတွေဟာ စာမတတ်တဲ့ လေးတန်အောင် Vijay ရဲ့ ခေါင်းပေါ်ကိုရောက်လာပါပြီ။ နောက်ထပ်သတင်းဆိုးကြီးတစ်ခုကလည်း စောင့်နေပါတော့တယ်။ အဲ့တာကတော့ သေသွားတဲ့ ချာတိတ်ရဲ့ အမေဟာ ဒေသတွင်းရဲချုပ်ကြီးဆိုတာပါဘဲ။ ဒီတော့ အင်အားအပြည့်နဲ့ အဖြေရှာနေတဲ့ ရဲချုပ်ကြီးဟာ Vijay တို့ မိသားစုဆီ ဆိုက်ဆိုက်မြိုက်မြိုက်ဘဲ ရောက်လာပါတော့တယ်။ ဒီတော့ Vijay တစ်ယောက် သူ့မိသားစုကို မဖိတ်ခေါ်ဘဲရောက်လာတဲ့ ကြမ္မာဆိုးကြီးလက်ထဲကနေ ဘယ်လိုကယ်တင်မလဲ ? ရဲချုပ်ကြီးကရော သူ့သားကိုသတ်သွားသူတွေကို မိမလား ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဘဲဆက်ကြည့်ပါလေ။ လေးတန်းအောင် တစ်ကောင်ရဲ့ ညဏ်က ဘယ်လောက်ပြေးမလဲ သင်ထင်ပါသလဲ ?? ဒီဇာတ်ကားရဲ့ ပထမဆုံး အားသာချက်ဟာ ဇာတ်အိမ်ပါဘဲ။ အကြိမ်ကြိမ်စမ်းသပ်ပြီးတား ဒီဇာတ်အိမ်ကို အနည်းငယ်မွန်းမံလိုက်တဲ့အခါမှာတော့ အတော်ကို ကျစ်လစ်ခိုင်မာတဲ့ ဇာတ်အိမ်တစ်ခုကိုရလာပါတော့တယ်။ Plothole မရှိ လိုကွက်မရှိ ထောက်ပြစရာမလိုတဲ့ ဒီဇာတ်ကားရဲ့ နှစ်နာရီခွဲတိတိကြာတဲ့ ဇာတ်အိမ်ကြီးတစ်ခုလုံးဟာ တစ်စက္ကန့်စာလောက်တောင် လိုသွားတာမရှိလောက်အောင် ခိုင်မာကျစ်လစ်လွန်းတယ်။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်အားဟာလည်း သိပ်ပြီးအထွေအထူးညွန်းစရာမလိုပြန်ပါဘူး။ Ajay Devgan ဟာ ဘောလီးဝုဒ်လောကမှာ ဇာတ်လမ်းအမျိုးမျိုး ဇာတ်ကောင်အထွေထွေ ဇာတ်ကားပေါင်းစုံမှာ မှတ်ကျောက်တင်ခံပြီးတား သဘာဝမင်းသားကြီးလည်းဖြစ်တယ်။ ဒီဇာတ်ကားဟာတော့ နေရာတစ်နေရာရောက်နှင့်ပြီးသား သူ့ကို နောက်တစ်ဆင့်တင်ပေးလိုက်သလိုပါဘဲ။ "ဆရာတို့ရှိနေသရွေ့တော့ ကျနော်တို့မိသားစုဘဝ လုံခြုံနေအုန်းမှာပါ" ရဲအုပ်မနေရာကို Tabuကပါ၀င်မှာဖြစ်ပြီး Vijay Salgaonkarနေရာမှာတော့ Ajay Devgn ကပါ၀င်သရုပ်ဆောင် ဖြစ်ပါတယ်။ ဒီကားရဲ့ Rating ကဆိုရင် IMDb က 8.7/10 ဖြစ်ပြီး၊ Time of India က 4/5 တို့ဖြစ်ပါတယ်။ Credit Review

ဇာတ်လမ်းအကြောင်း