ဇာတ်ကားများ ရွေးရန်

Thalaivi

2021ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့ ကိုယ်ရေးအတ္ထုပတ္တိသဘောမျိုးရိုက်ကူးတင်ဆက်ထားတဲ့အိန္ဒိယဖြစ်ရပ်မှန်ကားလေးကိုတင်ဆက်ထားပါတယ် ဒီကားထဲမှာဆိုရင်တမီးလ်နန်ဒူရဲ့ဝန်ကြီးချုပ်အဖြစ်ရွေးကောက်ပွဲ ၆ ကြိမ်တိုင်တိုင်အနိုင်ရပြီး ၁၄ နှစ်ကျော်လောက်အထိ အုပ်ချုပ်နိုင်ခဲ့တဲ့ J. Jayalalithaa ဆိုတဲ့နိုင်ငံရေးလောကရဲ့နာမည်ကြီးအမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးတင်ပြထားပါတယ်ဂျာရာဟာရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့သာမန်မိန်းကလေးတစ်ယောက်ပါ တစ်နေ့မှာတော့ပြည်သူအားလုံးရဲ့အချစ်တော်နာမည်ကြီးမင်းသား MJR နဲ့ရုပ်ရှင်ရိုက်ကူးရင်းချစ်ကြိုက်သွားကြပါတယ် ဒါပေမယ့် MJR ဟာနိုင်ငံရေးလောကထဲကိုဝင်ပြီးနောက်သူ့ရဲ့ပုံရိပ်ထိခိုက်မှာစိုးတဲ့အတွက်ဂျာရာနဲ့လက်တွဲဖြုတ်ခဲ့ပါတော့တယ် နိုင်ငံရေးကြောင့်သူတို့ချစ်သူနှစ်ယောက်ကွဲရတာလို့ယုံကြည်နေတဲ့ဂျာရာက နိုင်ငံရေးကိုအလွန်မုန်းပါတယ် ဒါပေမယ့်လည်း MJR ဆုံးသွားပြီးတဲ့နောက်မှာတော့ပါတီနေရာကိုယူဖို့ဖြစ်လာပါတော့တယ်ဂျာရာတစ်ယောက်ယောက်ျားတွေနဲ့ရင်ဘောင်တန်းပြီး ဝန်ကြီးချုပ်နေရာကိုခက်ခက်ခဲခဲယူရဖို့ ပြဿနာတွေနဲ့ရင်ဆိုင်ရပုံတွေကိုအသေးစိတ်ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း