Yashoda
မိဘတွေမရှိတော့တဲ့အတွက် ညီမလေးဖြစ်သူဘရင်ဒါကို အစ်မတစ်ယောက်ရဲ့မေတ္တာသာမကဘဲ မိဘမေတ္တာကိုပါ ပေးပြီး ချစ်ရှာတဲ့ အစ်မဖြစ်သူ ယာရှိုဒါ။ တစ်နေ့မှာတော့ ဘရင်ဒါက ပျောက်သွားပါတယ်။ ဘရင်ဒါကိုရှာပြီး ကယ်ဖို့အတွက် အငှားကိုယ်ဝန်ဆောင်ခြင်းကို ယာရှိုဒါ လက်ခံလိုက်ပြီး အတိအကျပြောလို့မရတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။ အဲ့မှာ လိုချင်တာ အစုံရပြီး တစ်ခြားသော အငှားကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ တွေ့ဆုံရင်းနှီးခဲ့ပါတယ်။ အဲ့လိုနဲ့ တစ်နေ့မှာ သူငယ်ချင်းဖြစ်သူတစ်ယောက် လဲကျပြီး ကန့်သတ်ထားတဲ့ ဇုန်ထဲကို ခေါ်သွားပြီး အပြန်မှာတော့ ကလေးက ပျက်ကျသွားတဲ့အတွက် မိခင်ဖြစ်သူကို အိမ်ကို ပြန်လည် ပို့ဆောင်လိုက်ပြီလို့ပြောပါတယ်။ အဲ့ကစပြီး ထူးဆန်းတာတွေကို ယာရှိုဒါ စွန့်စားစုံစမ်းကြည့်တဲ့အခါမှာတော့ သန္ဓေသားတွေနဲ့ ပြန်လည်နုပျိုစေတဲ့ အလှကုန်ပစ္စည်းတွေ ထုတ်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါဆို ယာရှိုဒါရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ညီမဖြစ်သူကိုကော ရှာတွေ့နိုင်ပါဦးမလား။ ဒီလို တရားမဝင်တဲ့ သန္ဓေသားသုံး အလှကုန်တွေထုတ်တာကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို စိတ်ဝင်စားမှုအပြည့်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း