My Boss, My Teacher
ဒီကားလေးကတော့ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ဟာသကားလေးပါ။ ဂိုဏ်းစတား ဂယ်ဒူရှစ်ဟာ တက္ကသိုလ်က ဘွဲ့မရခင် အထက်တန်းကျောင်းမှာ တန်းပြဆရာအဖြစ် တာဝန်ထမ်းရဖို့ ဖြစ်လာခဲ့တယ်။ သူ့လက်အောက်ကလူကို တက္ကသိုလ်ကိုယ်စားတက်ခိုင်းထားခဲ့တာမို့ ကျောင်းမှာ စာရိတ္တသင်ပေးရတဲ့အခါ တိုင်ပတ်တော့တာပေါ့။ ဖြစ်ချင်တော့ အထက်တန်းမအောင်သေးတဲ့ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီးကလည်း သူ့အတန်းထဲကကျောင်းသားဖြစ်နေတာကို သိလိုက်ရပြန်တယ်။ အဲ့ဒါအပြင် အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ချုပ်ရေးပိုင်းမှာ ခြစားမှုတွေ ရှိနေတာကို သိလိုက်ရတဲ့အခါ... ဒူရှစ်တစ်ယောက် ကျောင်းဆရာဘဝနဲ့ ဂိုဏ်းစတားဘဝကို ဘယ်လိုစခန်းသွားမလဲဆိုတာ ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ My Boss My Teacher ဆိုတဲ့ ဇာတ်လမ်းလေးကို M Sub Movie မှာ ကြည့်ရှုနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း