Mrs. Chatterjee vs. Norway
နော်ဝေးမှာ အခြေကျဖို့ ကြိုးစားနေတဲ့ Chatterjee အိမ်တော်ရဲ့ သားဖြစ်သူ အနီရုဟ်နဲ့ ချွေးမဖြစ်သူ ဒေဘီကာထံကနေ ကလေးနှစ်ယောက်ကို နော်ဝေးအစိုးရက ယူသွားပါတယ်။ ယူသွားရတဲ့ အကြောင်းရင်းကတော့ မိဘနှစ်ဦးက ကလေးတွေကို စောင့်ရှောက်နိုင်တဲ့အရည်အချင်းမရှိတဲ့အတွက်ကြောင့် ကလေးလူမှုဖူလုံရေးအဖွဲ့အစည်း Velfredက ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးနှစ်ယောက်ကို မခွဲနိုင်တဲ့ ဒေဘီကာက နော်ဝေးဘက်က ချပေးတဲ့ရှေ့နေနဲ့ ကလေးတွေကို ပြန်ခေါ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုကလေးတွေကို ခေါ်ပြီးနောက်မှာတော့ နော်ဝေးအစိုးရရယ် တရားရုံးတော်ရယ် အဖွဲ့အစည်းတွေရယ်က ပေါင်းကြံထားတဲ့ စီးပွားရေးတစ်ခုဆိုတာကို သိသွားတဲ့အချိန် ဒေဘီကာတစ်ယောက် အနိုင်မရနိုင်မှန်းသိလျက်နဲ့ နော်ဝေးနိုင်ငံနဲ့ယှဉ်ပြီး မိခင်တစ်ယောက်ရဲ့အစွမ်းကို ဘယ်လိုမျိုးပြသမလဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း