Ponniyin Selvan: Part Two
ပထမတစ်ပိုင်းတုန်းက ရှေးခေတ်ရဲ့လှပတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ဖမ်းစားနိုင်ခဲ့တဲ့ ဇာတ်လမ်းရဲ့အပိုင်းနှစ်ကလဲ အကြည့်မခွာနိုင်အောင် စိတ်ဝင်စားစရာပါ။ အပိုင်းတစ်မှာ အာရွန်မိုဇီကိုအကျဉ်းချကာ သင်္ဘောနဲ့စေလွှတ်ပြီးတဲ့နောက် ရေနစ်ကာပျောက်ဆုံးသွားတဲ့ အာရွန်မိုဇီကတကယ်ပဲသေဆုံးသွားခဲ့ပြီလား။ ချိုလာတိုင်းပြည်ကြီးကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ သူပုန်တွေအခွင့်အရေးရလာတဲ့အခါ ချိုလာဘုရင်ကြီးလဲအကြပ်ရိုက်နေခဲ့ပါတယ်။ အနာဂတ်ပျောက်နေသလို နိုင်ငံကြီးကိုသူပုန်တွေလက်ကကယ်တင်ဖို့ အာရွန်မိုဇီကို အချိန်မီပြန်ရှာတွေ့နိုင်ပါ့မလား။ လက်စားချေဖို့ချောင်းနေတဲ့ နန်ဒီနီကရော လက်စားချေနိုင်ဖို့ ဘယ်လိုတွေအကွက်ရွှေ့သွားဦးမလဲ။ သမိုင်းကြောင်းနဲ့အတူမျက်စိမလွှဲနိုင်အောင် စိတ်ဝင်စားစရာအလှည့်အပြောင်းတွေလဲပါဝင်ပြီး အပိုင်းနှစ်ကစကြည့်လဲ ဇာတ်ရည်လည်လွယ်တာမို့ ဒီဇာတ်ကားလေးကိုအခုလိုပဲ ညွှန်းပေးလိုက်ရပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း