Leader 2026 ခေါင်းဆောင် IMDb 7.1 မိန်းမ မရှိတော့တည်းက သမီးဖြစ်သူသာ အရာရာနဲ့ ဘဝကြီးတစ်ခုလုံးကို သမီးဆီပုံအပ်ထားတဲ့ ဆာခ်သီ။ သမီးကို အလိုလိုက်လွန်းလို့ ဘေးလူတွေပါ ကြည့်မရဖြစ်ရတာလည်း သူတို့သားအဖပဲ။ ကားဝပ်ရှော့မှာအလုပ်လုပ်ရင်း ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနေသူပေါ့ သူအလုပ်လုပ်တဲ့ဝပ်ရှော့ရဲ့ ပင်တိုင်ဖောက်သည်က ဆော့တ်တဲ့ ရာဇဝတ်မှု မှန်သမျှ အကုေဆန်လုပ်တဲ့ကောင်။ ပါဝါကြီးလွန်းလို့ ရဲတွေတောင် မျက်စိမှိတ်နေရတဲ့လူ။ ဒီလိုလူကို စုံစမ်းချင်တဲ့ ရဲမေမလေးတစ်ယောက်က ဆော့တ်ကားမှာ ခြေရာခံစက်တပ်ပြီး အတွင်းစကားနှိုက်ဖို့ကြံပါတယ်။ ဒီခြေရာခံစက်ကိစ္စက ဆာခ်သီ့ဆီရောက်လာပြီး သမီးဖြစ်သူပါ အန္တရာယ်ကျလာတဲ့အခါ....။ သူ တစ်ခါမှ မကျင်လည်ဖူးတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇဝတ်မှုတွေ၊ လျှို့ဝှက်ချက်တွေကြားထဲ ရောက်သွားတဲ့အခါမှာတော့ တစ်ဖက်က ဥပဒေရဲ့ ဖိအား၊ တစ်ဖက်ကလည်း အမှောင်လောကရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဘဝက သေရေးရှင်ရေးတမျှ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိသွားပါတော့တယ် အဲဒီလို ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အခြေအနေမျိုးထဲကနေ သူ့ရဲ့ အသက်ထက်ချစ်ရတဲ့ မိသားစုဝင်တွေကို အန္တရာယ်ကင်းကင်းနဲ့ ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးပြီး အစွမ်းကုန် ဘယ်လိုပြန်လည်ရုန်းကန် တိုက်ခိုက်သွားမလဲဆိုတာကိုတော့... File size… 1.8 GB / 1.05 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်