ဇာတ်ကားများ ရွေးရန်

Dhokha

2022ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့၂၀၂၂တုန်းက ထွက်ရှိခဲ့တဲ့အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် လူ၁၃ယောက်ကိုသတ်ခဲ့တဲ့ အကြမ်းဖက်သမားဟက်ဂူလ်ဟာ ထွက်ပြေးလာပြီးတိုက်ခန်းတစ်ခန်းကို ဝင်စီးကာအဲ့တိုက်ခန်းမှာရှိတဲ့အိမ်ရှင်မတစ်ဦးဖြစ်သူဆန်ချီကို ဓားစာခံအဖြစ်ထားပါတော့တယ် ဆန်ချီဟာလည်းခင်ပွန်းဖြစ်သူရဲ့ အိမ်ထောင်ရေး‌ဖောက်ပြန်တာကို ခံနေရပြီးသူ့ကိုသတ်ပေးဖို့ဂူလ်ကို မကြောက်မရွံ့စတင်တောင်းဆိုပါတော့တယ် တစ်ဖက်မှာလည်းဆန်ချီရဲ့ ခင်ပွန်းဖြစ်သူယာသာ့သ်ဟာ သူ့ဇနီးကစိတ်ရောဂါခံစားနေရသူဖြစ်ပြီး သူ့ကိုလည်းဖောက်ပြန်နေတယ်လို့ စိတ်ကူးယဉ်နေကြောင်း ရဲတွေကိုပြောပြကာဇနီးဖြစ်သူကို ကယ်တင်ပေးဖို့တောင်းဆိုပါတယ် အေစီပီမာလိခ်ဟာလည်း အကြမ်းဖက်သမားဂူလ်ကဒီလောက်မရိုးရှင်းကြောင်း ရည်ရွယ်ချက်ရှိရှိလူ၁၃ယောက်ကိုသတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြောပြနေပြီး တိုက်ခန်းထဲမှာလည်းဂူလ်ဟာ ရင်းနှီးလာတဲ့ဆန်ချီကို သူဟာချောက်ချခံခဲ့ရတယ်ဆိုတဲ့အကြောင်း စတင်ရင်ဖွင့်ပါတော့တယ် ဇာတ်လမ်းတစ်ပုဒ်ထဲမှာလူလေးယောက် ဗားရှင်းလေးမျိုးနဲ့သူတို့မှာ ဘယ်သူတွေပြောတာကအမှန်လဲ ဘယ်သူတွေကတော့လိမ်နေတာလဲ အဆုံးသတ်မှာဘာတွေဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းအစကနေအဆုံးထိတိုင်အောင် ပဟေဠိပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာဖြစ်ပါတယ်... ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်...

ဇာတ်လမ်းအကြောင်း