ဇာတ်ကားများ ရွေးရန်

96

2018ဇာတ်ကားWeb-dl 1080p

လူတိုင်းဟာဘယ်လောက်ပဲအသက် အရွယ်တွေကြီးလာပါစေ တစ်ချိန်တုန်းကကျောင်းသားဘဝကိုတော့ အမှတ်ရနေကြစမြဲပါ။ အထူးသဖြင့်ကိုယ်တစ်ဖက်သတ်ချစ်ခဲ့ဖူးတဲ့ကိုယ့်ရဲ့အချစ်ဦးကိုပေါ့။ ဒီဇာတ်ကားလေးထဲပါဝင်တဲ့ တစ်‌ထောင့်ကိုးရာကိုးဆယ့်ခြောက်ခုနှစ်က ဆယ်တန်းကျောင်းသားဖြစ်တဲ့ ရမ်မှာလဲဂျာနူးဆိုတဲ့အချစ်ဦးလေးရှိခဲ့ပါတယ်။ရမ်ဟာ အသားညိုညိုနဲ့သတ္တိမရှိတဲ့ကောင်လေးဖြစ်ကာ သိပ်လှပြီးသီချင်းဆိုလဲတော်တဲ့ကျောင်းရဲ့အလှပဂေး ဂျာနူးလေးကိုကြိတ်ကြွေနေခဲ့ပါတယ်။ရမ်ရဲ့အချစ်ဦးလေးက သတ္တိကြောင်တဲ့ရမ့်ကို အခွင့်အရေးပေးလာပါ့မလား။ ဒါမှမဟုတ် အမှတ်တရထဲမှာပဲအချစ်ဦးလေးအဖြစ် သိမ်းထားခဲ့ရမလား။ ကျောင်းသားတွေကြားက တိတ်တခိုးနဲ့ ရင်ခုန်ကြည်နူးစရာဇာတ်လမ်းလေးကို စီးမျောလိုက်ပါ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း