ဇာတ်ကားများ ရွေးရန်

Miss Shetty Mr Polishetty

2023ဇာတ်ကားအမှတ် 7/10Web-dl 1080p

ဒီတစ်ခေါက်မှာတော့ နှစ်ဘဝကလဲ့စားကားထဲကမင်းသမီးဂျန်ဂျမားလို့လူသိများတဲ့ မင်းသမီးအနူရှ်ကားရဲ့ 2023ထွက်ဟာသအချစ်ကားလေးဖြစ်တဲ့ "Miss Shetty Mr Polishetty"ကို တင်ဆက်ပေးလိုက်ပါတယ်....ငယ်စဥ်ကမိဘတွေရဲ့အိမ်ထောင်ရေးမသာယာမှုကြောင့် သားအမိအချစ်ကလွဲရင်ဘာအချစ်ကိုမှမယုံပဲ အိမ်ထောင်မပြုချင်တဲ့ မာစတာစားဖိုမှူးအန်ဗီတာတစ်ယောက် သူ့အမေဆုံးပါးသွားချိန်မှာတော့ သူ့အတွက်အဖော်ဖြစ်မယ့်ကလေးတစ် ယောက်လိုချင်လာပါလေရော...ဒါ ပေမဲ့အိမ်ထောင်မပြုချင်တာမို့ ဆေးပညာနည်းနဲ့သုတ်ပိုးကိုယူပြီးသားစပ်ကာကိုယ်ဝန်ဆောင်ဖိုအတွက် အလှူရှင်လိုက်ရှာရင်း သူလိုချင်တဲ့အရည်ချင်း တွေ အားလုံးရှိနေတဲ့လူရွှင်တော်ဆစ်ဒူးကို တွေ့ချိန်မှာတော့ သူ့ရည်ရွယ်ချက်အမှန်ကိုမပြောပဲ ချဥ်းကပ်ပါတော့တယ်...အန်ဗီတာရဲ့ချဥ်းကပ်မှု အောင်မြင်နိုင်ပါ့မလား...ဒီအကြောင်းရင်းမှန်ကို ဆစ်ဒူးသိသွားရင်ရော ဘာတွေဘယ်လိုဆက်ဖြစ်မလဲ...မိဘတွေရဲ့အိမ်ထောင်ရေးကြောင့် အချစ်ကိုမယုံတဲ့အန်ဗီတာတစ်ယောက် ဘာတွေတွေ့ကြုံရမလဲ စသဖြင့်ဇာတ်ကားတစ် လျှောက် ဟာသနှောပြီးရင်ခုန်စွာ ကြည့်ရမှာဖြစ်ပါတယ်... ဒီကားအညွှန်းနဲ့ဘာသာပြန်သူက တော့ Khin Khin ဖြစ်ပါတယ်....

ဇာတ်လမ်းအကြောင်း