ဇာတ်ကားများ ရွေးရန်

Salaar

2023ဇာတ်ကားWeb-dl 4K SDR

Salaa: Cease fire Part-1ဇာတ်ကားကတော့ နာမည်ကြီး မင်းသားတွေ ပါ၀င်ရိုက်ကူးထားတဲ့ အမိုက်စားအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိန္ဒိယအစိုးရတွေပါ ကြောက်ရွံ့ရတဲ့ ကန်ဆာလ်ဆိုတဲ့ အိန္ဒိယမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တစ်ခုမှာ အသက်ကိုတောင်စတေးပြီး ခင်မင်ရင်းနှီးတဲ့ Devaနဲ့ Vadaha ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိခဲ့တယ်။ဒါပေမဲ့ အင်အားကြီးသူသာ အုပ်ချုပ်ခွင့်ရမယ်ဆိုတဲ့ ကန်ဆာလ်ရဲ့စည်းမျဉ်းကြောင့် Devaရဲ့အဖေ အသတ်ခံလိုက်ရတယ်။အကာအကွယ်မရှိတော့ဘဲ ဒုက္ခရောက်နေတဲ့ Devaတို့ သားအမိကို သူငယ်ချင်းဖြစ်သူ Vadahaက သူအပိုင်ရထားတဲ့နယ်မြေတစ်ခုကို စွန့်လွှတ်ပြီးတော့ ကယ်ဆယ်ခဲ့တယ်။Devaတို့ သားအမိနှစ်ယောက် ကန်ဆာလ်မှာ ဆက်နေလို့မရတော့တဲ့အတွက် အပြင်ကို ထွက်‌ပြေးလာပေမဲ့Vadahaသာ သူ့ကိုလိုအပ်ရင် ချက်ချင်းပြန်လာခဲ့မယ်လို့ Devaတစ်ယောက် ကတိပေးခဲ့တယ်။၂၅နှစ်အကြာမှာ Deva တစ်ယောက် သူပေးခဲ့တဲ့ကတိအတွက် ကန်ဆာလ်ကို ပြန်ရောက်လာချိန်မှာတော့ သူ့အဖေသေဆုံးမှုအတွက် လက်စားချေနိုင်မလား။သူကတိပေးထားတဲ့အတိုင်း Vadahaကိုရော ကာကွယ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nora ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း