ဇာတ်ကားများ ရွေးရန်

Crew

2024ဇာတ်ကားWeb-dl 4K SDR

Crew ဇာတ်ကားကတော့ Kareena Kapoor၊ Kriti Sanon၊ Tabuနာမည်ကြီးမင်းသမီးသုံးယောက် ပါ၀င်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ပိုင်းလော့ဖြစ်ချင်ပေမဲ့ အကြွေးတွေဆပ်ဖို့အတွက် လေယာဥ်မယ်၀င်လုပ်နေရတဲ့ဒီလ်ရာ၊ယောကျာ်းကို ဆိုင်ဖွင့်ပေးဖို့အတွက် လေယာဥ်မယ်အလုပ်ကို နှစ်၂၀လောက်၀င်လုပ်ခဲ့ရတဲ့ အလှမယ်ဆာလ်သီ၊ စီးပွားရေးအိမ်မက်တွေရှိနေပေမဲ့ ရင်းနှီးမြုပ်နှံမဲ့လူလိုက်ရှာနေတဲ့ လေယာဥ်မယ်ဂျတ်စမင်တို့ သုံးယောက်က ကိုလ်ဟီနိုလ်လေကြောင်းလိုင်းမှာ အိမ်မက်တွေအတွက် အလုပ်၀င်လုပ်နေပေမဲ့ လစာမရတာ၆လလောက်ရှိနေခဲ့ပါတယ်။ငွေရေးကြေးရေးပြသာနာတွေကို ဖြေရှင်းဖို့လိုအပ်နေချိန်မှာဘဲ သူတို့ဆီကို ရွှေခိုးသယ်ပေးရမဲ့ အလုပ်တစ်ခုကရောက်လာခဲ့တယ်။ ရာဇ၀တ်သားတွေမဖြစ်ချင်ပေမဲ့ ပိုက်ဆံကိုအရမ်းလိုအပ်နေကြတာကြောင့် လေယာဥ်မယ်သုံးယောက်ဟာ ရွှေတွေကို လေယာဥ်ပေါ်မှာ ခိုးသယ်ဖို့ ကြိုးစားရပါတော့တယ်။အိမ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက် ဘယ်လိုရွှေခိုးသယ်မလဲဆိုတာကို ကြည့်ရှူပေးကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း