Tarot
ခုနောက်ပိုင်းနာမည်ကြီးနေတဲ့ တားရော့ Horror ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကိုကတည်းက Tarot ဖြစ်ပြီးဒီဇာတ်ကားကြည့်ပြီးရင်တော့ တားရော့ဗေဒင်တောင်မေးရဲကြတော့မှာမဟုတ်ပါဘူး။Conjuring တို့လို Horror ကားအကြမ်းစားကြီးတွေလောက်တော့မကြမ်းပေမဲ့သူ့ဇာတ်လမ်းနဲ့သူတော့တော်တော်လေးကြည့်ကောင်းပြီး ကျောချမ်းစရာကောင်းတဲ့ Vibe တွေကိုလည်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာကောလိပ်တက်နေတဲ့သူငယ်ချင်းတစ်စုက သူတို့အဖွဲ့ထဲကအလိစ်ဆိုတဲ့ကောင်မလေးရဲ့မွေးနေ့ကျင်းပပေးဖို့အတွက်လူသူကင်းဝေးတဲ့နေရာကစံအိမ်ကြီးတစ်လုံးကိုငှားခဲ့ကြပါတယ်။သည်းထိပ်ရင်ဖိုဇာတ်ကားတွေရဲ့ထုံးစံအတိုင်းပဲလူသူကင်းဝေးတဲ့နေရာကစံအိမ်ကြီးဆိုတာကတော့မကောင်းတဲ့အရာတွေအားလုံးရဲ့အစပါပဲ။ဒါပေမယ့်အဲ့လိုဇာတ်ကားတွေထဲကလူငယ်တွေဆိုတာလည်းအန္တရာယ်ကိုမှလက်ယပ်ခေါ်တတ်တဲ့အတွက်ဒါမျိုးတွေကတော့မဆန်းတော့ပါဘူး။ဒီလိုနဲ့အဲ့ဒီမှာပျော်ပါးကြပြီးဘီယာကုန်သွားတဲ့အခါမှာတော့ပျင်းပျင်းနဲ့မြေအောက်ခန်းထဲကတွေ့တဲ့တားရော့ကတ်ထုပ်ကိုထုတ်လာပြီးဗေဒင်ဟောတတ်တဲ့သူငယ်ချင်းကိုတားရော့ဝိုင်းဟောခိုင်းကြပါတော့တယ်။ဒါပေမယ့်ပရိသတ်တွေထင်ထားသလိုအဲ့စံအိမ်ကြီးထဲမှာဘာမှဆက်မဖြစ်ကြဘဲသူငယ်ချင်းတွေအားလုံးဘေးကင်းကင်းနဲ့ပြန်ရောက်လာခဲ့ပါတယ်။တကယ့်ပြဿနာကဘယ်မှာစလဲဆိုတော့သူတို့အဖွဲ့ထဲကမွေးနေ့ရှင်အလိစ်သေသွားရာကနေစနေတာပါပဲ။စစချင်းတော့ဒါကသာမန်ပဲလို့ထင်ခဲ့ပေမဲ့နောက်ပိုင်းပြဿနာတွေကပိုပိုဆိုးလာပြီး အဲ့ဒီပြဿနာတွေကသူတို့ဟောခဲ့တဲ့တားရော့ကတ်တွေနဲ့သက်ဆိုင်နေတယ်ဆိုတာကိုသိလာရတဲ့အခါမှာတော့ဘယ်လိုစိတ်ခြောက်ခြားစရာ ထိပ်လန့်စရာတွေကိုဘယ်လိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားလဲဆိုတာကိုကြည့်ရှုရမဲ့ Horror ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း