Modern Masters: SS Rajamouli
ဒီမှတ်တမ်းရုပ်ရှင်ကတော့ RRRဇာတ်လမ်းရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာရာဂျာမိုလီရဲ့အောင်မြင်မှုလမ်းကြောင်းကိုလျှောက်လှမ်းရာလမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကို သူ့ရဲ့မိသားစုတွေလုပ်ဖော်ကိုင်ဖက်တွေကို အင်တာဗျူးမေးတဲ့ပုံစံလေးနဲ့တင်ဆက်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ရာဂျာမိုလီရဲ့မအောင်မြင်ခင်ကာလအပိုင်းအခြားတုန်းက ရုန်းကန်ခဲ့ရပုံတွေနဲ့ RRRမတိုင်ခင် ရိုက်ကူးခဲ့တဲ့နာမည်ကြီးဇာတ်လမ်းတွေဖြစ်တဲ့ ဘိုင်ရာဗာနဲ့ဘာဟူဘလီဇာတ်လမ်းတွေရဲ့ ရိုက်ကွင်းနောက်ကွယ်က အဖြစ်အပျက်တွေအပါအဝင် ဒီဇာတ်လမ်းတွေဖြစ်မြောက်လာဖို့ ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကိုပါ အစုံအလင်ဖော်ပြထားပါတယ်။ တောင်ပိုင်းရုပ်ရှင်လောကကနေ ဟောလီးဝုဒ်အတင့်အထိရောက်အောင် ဒီလိုအောင်မြင်မှုကိုရဖို့အတွက် ဒီပုဂ္ဂိုလ်တွေ ဘယ်လိုတွေပေးဆပ်ပြီး ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကို အတုယူဖွယ်ကြည့်ရှုရမဲ့မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း