Rooban
Rooban ဇာတ်ကားမှာတော့ ရှန်မူဂမ်ဟာ ဇနီးဖြစ်သူနဲ့ လက်ထပ်ထားတာနှစ်ပေါင်းများစွာရှိနေပေမဲ့ သားသမီးမထွန်းကားတာကြောင့် သူ့ကို ရွာထဲကလူတွေက အမြဲလှောင်ပြောင်နေခဲ့တယ်။ရှန်မူဂမ်တစ်ယောက် ကလေးလိုချင်လို့ စိတ်ညစ်နေတုန်းမှာ တောထဲပျားသွားဖွပ်ရင်းနဲ့ တောထဲမှာစွန့်ပစ်ခံထားရတဲ့ ကလေးတစ်ယောက်ကို ကောက်ရခဲ့တယ်။စွန့်ပစ်ခံထားရတဲ့ကလေးကို ရှန်မူဂမ်တို့ လင်မယားဟာ ခေါ်ယူမွေးစားပြီးတော့ မာနီဆိုတဲ့ နာမည်မှည့်ပေးခဲ့တယ်။မာနီတစ်ယောက် ရှန်မူဂမ်တို့လင်မယားနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာခဲ့တယ်။ တစ်နေ့မှာတော့ ရှန်မူဂမ်တို့ရွာမှာ မုဆိုးတွေက တိရစ္ဆာန်တွေကို အမဲလိုက်သတ်ဖြတ်နေတာကြောင့် အစိုးရက သစ်တောအရာရှိတွေကို ခန့်အပ်ထားလဲ ထိန်းမရဖြစ်နေခဲ့တယ်။တစ်နေ့မှာတော့ မုဆိုးတွေ တောထဲမှာ အမဲလိုက်နေရင်းနဲ့ ကျားတစ်ကောင်ကိုတွေ့သွားပြီး ကျားတိုက်ခိုက်တာခံလိုက်ရတာကြောင့် တစ်ရွာလုံး ကျားရန်ကို ကြောက်ရွံ့နေခဲ့ရတယ်။အစိုးရကလဲ ရွာသားတွေ လုံခြုံရေးအတွက် ကျားကိုဖမ်းဆီးဖို့ ကြိုးစားနေပေမဲ့ မဖမ်းနိုင်ဖြစ်နေတာကြောင့် ဒုက္ခများနေခဲ့တယ်။ရှန်မူဂမ်ကလဲ မိသားစုစား၀တ်နေရေးအတွက် တောထဲမှာ ပျားဖွပ်ဖို့သွားရတဲ့အချိန်မှာတော့ ကျားရန်ကနေ ဘေးကင်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း