ဇာတ်ကားများ ရွေးရန်

Kalki 2898 AD

2024ဇာတ်ကားWeb-dl 4K SDR

Kalki 2898-Adဇာတ်ကားမှာတော့ အနာဂတ်ကမ္ဘာကြီးဟာ ပျက်စီးကာ လေထုတွေ အဆိပ်သင့်၊ဂင်္ဂါမြစ်ကြီးလဲ ခမ်းခြောက်ပြီးတော့ လူတွေဟာ သေကြေပျက်စီးကုန်ကြတယ်။ဒါပေမဲ့အသက်၂၀၀ကျော်ကြာရှင်သန်နေတဲ့Superme Yaskinက Complexကိုတည်ထောင်ပြီးတော့ ကမ္ဘာပေါ်က ရင်းမြစ်စွမ်းအားတွေကို စုပ်ယူပြီးတော့ Complexထဲမှာ ထည့်ထားခဲ့တယ်။ငွေကြေးကြွယ်၀တဲ့လူတွေကတော့ Complexထဲမှာ ဇိမ်အပြည့်နဲ့နေနေရပေမဲ့ Complexအပြင်က လူသားတွေရဲ့ဘ၀ကတော့ အစားတစ်လုပ်အတွက် အချင်းချင်းလုယက်သတ်ဖြတ်နေခဲ့ရတယ်။ဘာလ်ရာဗာက နာမည်ကြီးစစ်သည်တော်တစ်ယောက်ဖြစ်ပေမဲ့ Complexထဲကိုသွားဖို့က သူ့အိမ်မက်ပဲဖြစ်တယ်။Complexထဲ၀င်ရဖို့ ဘာလ်တီရာတစ်ယောက်က Complexက ဆုကြေးငွေထုတ်ထားတဲ့ ရာဇ၀တ်သားတွေကို လိုက်လံဖမ်းဆီးနေခဲ့တယ်။Complexကို ဆန့်ကျင်နေတဲ့ရှန်ဘာလာက သူပုန်အဖွဲ့ဟာ ဘုရားသခင်က ပြန်လည်မွေးဖွားလာပြီးတော့ ကမ္ဘာကြီးကို ကယ်တင်မယ်လို့ ယုံကြည်နေခဲ့တဲ့လူတွေဖြစ်တယ်။တစ်နေ့မှာတော့ Complexကနေထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ယောက်က ၀မ်းဗိုက်ထဲမှာ ဘုရားသခင်ကို လွယ်ထားရတယ်လို့ လူတိုင်းကယုံကြည်နေတာကြောင့် သူပုန်အဖွဲ့က ကယ်တင်သွားခဲ့တယ်။Complexကလဲ အဲ့အမျိုးသမီးကိုဖမ်းဆီးဖို့ ဆုကြေးငွေကြီးထုတ်ထားတော့ ဘာလ်တီရာကလဲ သူပုန်တွေနဲ့တိုက်ခိုက်ပြီး ကိုယ်၀န်သည်ကို ပြန်လည်ဖမ်းဆီးဖို့ ကြိုးစားပါတော့တယ်။ဒီပျက်စီးနေတဲ့ ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်ကရော တကယ်ပေါ်လာမှာလား။ဘာလ်တီရာကရော သူ့အိမ်မက်ဖြစ်တဲ့ Complexထဲကို သွားနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း