ဇာတ်ကားများ ရွေးရန်

Escape

2024ဇာတ်ကားWeb-dl 1080p

ကိုးရီးယားရုပ်ရှင်ချစ်သူတွေအတွက် မြောက်ကိုးရီးယားနဲ့တောင်ကိုးရီးယားစစ်တပ်ကြားကစိတ်ဝင်စားစရာအဖြစ်အပျက်လေးတစ်ခုကိုစိတ်ကူးယဉ်တင်ဆက်ရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Escape ဖြစ်ပြီး IMDb Rating 6.6 အထိရရှိထားပါတယ်။မြောက်ကိုးရီးယားဆိုတာလူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ စည်းကမ်းတင်းကြပ်တဲ့ဖိနှိပ်တဲ့နိုင်ငံအဖြစ်နာမည်ဆိုးနဲ့ကျော်ကြားတာလူတိုင်းအသိပါပဲ။အဲ့ဒီမှာနေနေရတဲ့သာမန်အရပ်သားတွေရဲ့ဘ၀တွေတောင်ကြမ်းတမ်းခက်ခဲနေတဲ့အတွက် စည်းကမ်းတင်းကြပ်တဲ့ စစ်တပ်ထဲကစစ်သားတွေရဲ့ဘ၀ဆိုရင်တော့မတွေးရဲလောက်စရာပါပဲ။အဲ့ဒါကြောင့်ပဲလွတ်လပ်တဲ့တောင်ကိုးရီးယားကိုထွက်ပြေးဖို့ကြိုးစားခဲ့ပြီးအောင်မြင်ခဲ့တဲ့သူတွေရှိသလို မအောင်မြင်ခဲ့တဲ့လူတွေလည်းရှိပြီး အခါအခွင့်ရတာနဲ့လစ်ဖို့ကြိုးစားနေတဲ့လူတွေလည်းတစ်ပုံကြီးပါပဲ။အဲ့လိုတောင်ကိုးရီးယားကိုထွက်ပြေးဖို့ကြိုးစားနေတဲ့လူတွေထဲမှာ အင်ဂယူနမ်ဆိုတဲ့မြောက်ကိုးရီးယားတပ်စုမှူးတစ်ယေ‌ာက်လည်းအပါအဝင်ပါပဲ။သူ့ဘ၀မှာ သူနေထိုင်ရာမြောက်ကိုးရီးယားသံဆူးကြိုးခြံစည်းရိုးရဲ့တစ်ဖက်ခြမ်းကတောင်ကိုးရီးယားကိုထွက်ပြေးဖို့အမြဲတမ်းစိတ်ကူးနေခဲ့သူဖြစ်ပြီးတစ်နေ့မှာတော့သူ့စိတ်ကူးတွေအောင်မြင်ဖို့အတွက်အကောင်အထည်စဖော်ပြီးတပ်ပြေးခဲ့ပါတော့တယ်။တပ်ပြေးမှုဆိုတာတော်တော်ကြီးလေးတဲ့အတွက်သူ့နောက်ကိုလိုက်ဖမ်းတဲ့အထက်အရာရှိတွေကလည်းလိုက်ဖမ်းရင်း ဘယ်လိုအခက်အခဲတွေကြုံရပြီး အောင်မြင်စွာထွက်ပြေးသွားနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း