Pani
ကဲ အက်ရှင်ကားတွေကြည့်ရတာ ပျင်းနေပါပြီဆိုတဲ့ကုလားကားဖန်လေးတို့အတွက် ဒီနေ့တော့ အက်ရှင်ဇာတ်ဝင်ခန်းမပါဘဲ တစ်ကားလုံး ဉာဏ်ကိုအသုံးချသွားတဲ့ ကားလေးတင်ဆက်ပေးချင်တယ်နော်။ ဘာဘူဆိုတဲ့လူငယ်လေးက လူငယ်သဘာဝအရထိမ်းမြားလက်ထပ်ရမဲ့ အရွယ်ရောက်လာတဲ့အခါမှာ မိဘတွေစီစဉ်တဲ့မိန်းကလေးကို သွားတွေ့ဖို့အကြောင်းဖန်လာရပါတယ်။ မိဘတွေစီစဉ်ပေးတာဆိုပေမဲ့ ဒီမိန်းကလေးကို သူ့ဘက်ကမြင်မြင်ချင်းသဘောကျမိသွားပါတယ်။ကောင်မလေးဘက်ကလည်း သူ့ကိုမငြင်းလာတာမို့ အရာအားလုံးအဆင်ပြေချောမွေ့သွားပြီလို့ ဘာဘူထင်ခဲ့မိတာပါ။ အချစ်စစ်တို့လမ်းသည် မဖြောင့်ဖြူးဘူးဆိုတဲ့ထုံးစံအတိုင်း ဘာဘူနေတဲ့ရွာက ရေရှားလွန်းလို့ ရေရှိတဲ့နေရာမှာ ရေသွားခပ်ရင်း မိန်းမတွေမူးလဲပြီး သေဆုံးရတယ်ဆိုတဲ့ ရွာဆိုတာကို သိလိုက်ရတဲ့ကောင်မလေးရဲ့အဖေက သူ့သမီးဖြစ်သူကို စိုးရိမ်သွားပြီး လက်ထက်ဖို့ကို ချက်ချင်းပယ်ဖျက်လိုက်ပါတယ်။ အဲဒီကောင်မလေးကိုမှ အချစ်ကြီးချစ်မိသွားတဲ့ ဘာဘူတစ်ယောက်ဟာ ချစ်ရသူကို ရနိုင်ဖို့ရော တစ်ရွာလုံးရေပြတ်လပ်မှုဒဏ်ကနေ လွတ်ကင်းအောင်ဘယ်လိုလုပ်ဆောင်သွားလဲဆိုတာကို ကြည့်ရမဲ့ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ ban ban ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း