ဇာတ်ကားများ ရွေးရန်

Pottel

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်လမ်းလေးဟာဆိုရင် ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုတွေကြောင့် လူတစ်ယောက်ရဲ့ဘဝက ဘယ်လောက်အထိပြောင်းလဲသွားနိုင်လဲဆိုတာကို ပညာပေးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်နိမ့်တွေကို ဇာတ်မြင့်တွေနဲ့ တစ်တန်းတည်းအတူမထားရဘူးဆိုတဲ့ ရှေးရိုးအစဉ်အလာကြောင့် ဇာတ်နိမ့်တွေခမျာ အလုပ်လည်းကောင်းကောင်းမလုပ်ရသလို ပညာလည်း သင်ယူခွင့်မရကြရှာပါဘူး။ သူတို့ရဲ့မသိနားမလည်မှုကြောင့် ရွာထဲမှာ ကူးစက်ရောဂါတွေ ဖြစ်နေရတာကိုလည်း မသိဘဲ မယ်တော်က ဒဏ်ခတ်နေတာလို့ပဲ ယုံကြည်ထားကြတဲ့ရွာသားတွေက မယ်တော့်ကို ယဇ်ပူဇော်ဖို့အတွက် သိုးတစ်ကောင်ကို ၁၂နှစ်တိတိ ကျွေးမွေးစောင့်ရှောက်ခဲ့ကြတယ်။ ဒါပေမဲ့ ယဇ်ပူဇော်ပွဲမလုပ်ခင် နှစ်လအလိုမှာပဲ အဲ့ဒီသိုးက ပျောက်သွားခဲ့ရတဲ့အခါ သိုးထိန်းဖြစ်တဲ့ ဂန်ဂါကိုပဲ ရွာသားတွေက ဝိုင်းအပြစ်တင်ကြတော့တာပေါ့။ သူ့အပေါ်အာခံနေတဲ့ ဂန်ဂါရဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့ ဇာတ်မြင့်အကြီးအကဲကလည်း သိုးကိုရှာမတွေ့ရင် သူ့သမီးကို ယဇ်ပူဇော်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်ပါတော့တယ်။ ဂန်ဂါတစ်ယောက် သူ့သမီးကိုကယ်တင်ဖို့အတွက် အခက်အခဲတွေကြားက ဘယ်လိုရုန်းကန်မလဲ။ သူဖြစ်စေချင်တဲ့အတိုင်း ရွာသူရွာသားတွေရဲ့အယူသီးမှုကိုရော ဖယ်ရှားပစ်နိုင်ပါ့မလား။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း