ဇာတ်ကားများ ရွေးရန်

Viduthalai Part 2

2024ဇာတ်ကားWeb-dl 1080p

Rating 8.2/10 အထိရရှိထားတဲ့အိန္ဒိယ ဒရမ်မာအက်ရှင်တော်လှန်ရေးဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူမျိုးရေးခွဲခြားမှု ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားဆက်ဆံမှုတွေ ၊ အရင်းရှင်ခေတ်မှာ မြေရှင် ယာရှင်တွေရဲ ကျွန်ပြု ခိုင်းစေခြင်းကို ခံရတဲ့အလုပ်သမားတွေ ၊နားချိန်အိပ်ချိန်မရှိ အလုပ်လုပ်ပေးရတဲ့အလုပ်သမားတွေရဲ့ဘဝ၊ စက်ရုံတွေမှာ လုပ်ခလစာနည်းပါးလှတဲ့ အလုပ်သမားတွေရဲ့ဘဝ အဲဒီလိုအဖိနှိပ်ခံဘဝတွေကို လူအခွင့်အရေး တန်းတူညီမျှ အခွင့်အရေးရရှိဖို့အတွက် တော်လှန်ရေးကိုစတင်ကြမယ့် ပီရူမောလ်တို့ဇနီးမောင်နှံ၊ ယခင်ကသာမန်ကျောင်းဆရာဘဝ ဆရာပီရူမောလ်ကနေတစ်ဆင့် သူစာသင်ကြားပေးတဲ့ရွာလေးမှာ သူ့မျက်စိရှေ့မှာပဲ အာဏာရှင်တစ်စုရဲ့ ယုတ်မာမှုကြောင့် အသတ်ဆုံးရှုံးခဲ့ကြရတဲ့ ကာရူပါတို့စုံတွဲကိုမြင်တွေ့ပြီး တော်လှန်ရေးလောကထဲကိုခြေစုံပစ်ဝင်ခဲ့ရာကစလို့ ဘဝရဲ့အခက်အခဲမျိုးစုံကိုရင်ဆိုင်လာရသူတစ်ဦး၊ အာဏာရှင်အစိုးရနဲ့ လက်ပါးစေ ရဲတစ်စုကလည်း အရင်းရှင်တွေဘက်လိုက်ပြီး အမှုဆင်ယုတ်မာကောက်ကျစ်ကြပုံတွေကို အံတကြိတ်ကြိတ်နဲ့ ကြည့်ရှုခံစားရမယ် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း