Ronggeng Kematian
ဒီဇာတ်ကားလေးကတော့ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဆိုတဲ့အတိုင်း အပြစ်လုပ်ခဲ့ရင် ပြန်လည်ပေးဆပ်ရကြောင်းကို ပညာပေးအနေနဲ့ ရိုက်ကူးထားတဲ့ အင်ဒိုဟော်ရာကားလေးဖြစ်ပါတယ်။ ဂျာဗားအလယ်ပိုင်း ဝေးလံခေါင်သီတဲ့နေရာမှာ မန်ဂွန်ဆာရီဆိုတဲ့ကျေးရွာလေး ရှိပါတယ်။ လျှပ်စစ်မီးမရှိတဲ့ ဒီရွာလေးကို သုတေသနစာတမ်းပရောဂျက်အနေနဲ့ လေအားလျှပ်စစ်ထုတ်ပေးနိုင်ဖို့ ကျောင်းသား ၄ ယောက် လက်တွေ့လာဆင်းခဲ့ပါတယ်။ တစ်ရွာလုံးကလည်း ကျေးရွာတိုးတက်ရေးအတွက် ကူညီပေးကြတဲ့ သူတို့ ၄ ယောက်ကို မော်ကွန်းကမ္ပည်းထိုးပြီး မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ သူတို့ကို ဖျော်ဖြေပေးဖို့ ရွာရဲ့မိန်းမလှလေး ရွန်ဂိန်ကချေသည် ဆူလက်စ်တရီက တာဝန်ယူထားပါတယ်။ သူတို့ကိုဂုဏ်ပြုပေးတဲ့ အဲဒီညမှာပဲ မတော်တဆမှုဖြစ်ပွားပြီး ဆူလက်စ်တရီနဲ့ အီမန်တို့ချစ်သူနှစ်ဦး အသတ်ခံလိုက်ရပါတယ်။ ကျောင်းသား ၄ ယောက်ထဲက ဘယ်သူသတ်ခဲ့တာဖြစ်မလဲ၊ ဆူလက်စ်တရီတစ်ယောက် သူ့ကိုသတ်သွားတဲ့သူကို ဘယ်လိုလက်စားချေမလဲဆိုတာကို သည်းထိတ်ရင်ဖိုဇာတ်ဝင်ခန်းများစွာနဲ့ ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးတာကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း