Ponyo
ဆိုဆူကီဆိုတဲ့ ကောင်လေးဟာ ကမ်းခြေမှာ ရွှေငါးလေးတစ်ကောင်ကို ကယ်တင်ခဲ့ပြီး ပွန်ယိုလို့ နာမည်ပေးခဲ့ပါတယ်။ ပွန်ယို့အဖေဟာလည်း သမီးဖြစ်သူကို အပူတပြင်း လိုက်ရှာနေပါတယ်။ ပွန်ယိုဟာ ဆိုဆီကီရဲ့ဒဏ်ရာက သွေးတစ်စက်ကို လျက်လိုက်မိပြီး လူသားအဖြစ် ပြောင်းလဲသွားပါတော့တယ်။ အဖေဖြစ်သူ ဖူဂျီမိုတိုဟာ ပွန်ယို့ကို ပြန်ခေါ်ဖို့ ကြိုးစားပေမယ့် သမီးဖြစ်သူကတော့ လူသားပဲ ဖြစ်ချင်ပါတယ်။ ပွန်ယိုအနေနဲ့ လူသားဖြစ်ဖို့ဆိုရင် အချစ်စစ်လိုအပ်ပြီး သူ့မှော်စွမ်းအားတွေကိုရော စွန့်လွှတ်ရမှာပါ။ ဒီတော့ ဆိုဆူကီနဲ့ ပွန်ယိုကြားက အချစ်စစ်ရဲ့စွမ်းအားနဲ့ ဘယ်လိုအရာတွေကို အောင်မြင်ကျော်လွှားနိုင်မလဲ ပွန်ယိုရဲ့ မှော်စွမ်းအားကြောင့် ဖြစ်တဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ရေလွှမ်းမိုးမှုတွေနဲ့ ဖြစ်နေတဲ့ သဘာဝမျှခြေကိုရော ပြန်လည်ထိန်းသိမ်းနိုင်မလားဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ taku-chan ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း