ဇာတ်ကားများ ရွေးရန်

Akkada Ammayi Ikkada Abbayi

2025ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့ တမူထူးခြားတဲ့ Indian Comedy ကားလေးနဲ့မိတ်ဆက်ပေးပါစေ " Akkada Ammayi Ikkada Abbayi 2025 " ပါ 1996 မှာလည်း တစ်ကားရှိခဲ့ပေမဲ့ ဇာတ်အိမ်အနည်းငယ်ကွာခြားပုံရပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရွာလေးတစ်ရွာမှာ နောက်ဆုံးမျိုးဆက်ကိုမွေးဖွားကြရာ အယောက် ၆၀လုံးက ယောက်ျားလေးတွေချည်းပဲမွေးဖွားပါတယ် သူတို့ထဲမှာ နောက်ဆုံးမွေးဖွားသူတစ်ဦးတည်းသာ မိန်းကလေးဖြစ်ခဲ့ပါတယ် ဒါကြောင့်သူ့ကို ရွာရဲ့မင်းသမီးလေးသဖွယ်ဂရုစိုက်ကြတယ် ကာလသားအယောက်၆၀ကလည်း ပိုးကြပမ်းကြပေါ့ တစ်ဖက်မှာလည်း မြို့ကြီးသားအင်ဂျင်‌နီယာလေးတစ်ဦးက ပရောဂျတ်ကိစ္စနဲ့ အဲဒီရွာကိုရောက်လာခဲ့ပါတယ် သူတို့နှစ်ဦး မထင်မှတ်ဘဲတွေ့ဆုံကြရာမှာ ချစ်ကျွမ်းဝင်သွားမလား ? ရွာရဲ့ ကာလသားအယောက် ၆၀ကိုရော ဘယ်လိုဖြတ်ကျော်မလဲ? ဟာသရသကို ပေါ့ပျက်ပျက်မဟုတ်ဘဲ အချိတ်အဆက်မိမိ ဇာတ်ကွက်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားနိုင်တာမို့ ရွေးချယ်သင့်တဲ့ဟာသကားအဖြစ် recommend ပေးလိုက်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း