Jack
ဂျက်ဆိုတဲ့ကောင်လေးက သူများနဲ့ မတူဘဲထူးခြားတဲ့အရည်အချင်းတွေရှိပေမဲ့ တစ်လွဲတွေလုပ်တတ်တဲ့အကျင့်နဲ့ သူများနဲ့မတူတဲ့ရှုထောင့်ကနေ လုပ်တဲ့တဲ့စရိုက်တွေကြောင့် ဘယ်နေရာမှာ မှ အံဝင်ခွင်ကျမဖြစ်ဘဲ အလုပ်လက်မဲ့ဖြစ်နေပါတယ်။ သူ့သားဖြစ်သူ ဘာတွေလုပ်နေလဲဆိုတာကို သိချင်တဲ့ ဖခင်ဖြစ်သူက စုံထောက်အေဂျင်စီတစ်ခုကို ငွေပေးပြီး သူ့သားအကြောင်းတွေ လိုက်လံစုံစမ်းခိုင်းပါတော့တယ်။ စုံထောက်အေဂျင်စီက စုံထောက်မလေး အက်ဖ်ရှန်က ဘယ်လိုတစ်လွဲနည်းလမ်းတွေနဲ့ ဂျက်ကို စုံစမ်းထောက်လှမ်းမလဲ။ ဂျက်ရဲ့အန္တိမရည်မှန်းချက်ကတော့ အိန္ဒိယနိုင်ငံကာကွယ်ရေးနဲ့စောင့်ကြည့်လေ့လာရေးအဖွဲ့ (RAW) အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ချင်တာပါ။ အေးဂျင့်ကောင်းတစ်ဦးဖြစ်ဖို့ အကြမ်းဖက်တွေရဲ့စစ်ဆင်ရေးတစ်ခုထဲကို ဝင်ပါမိရာကစပြီး ဘယ်လိုအလွဲတွေနဲ့ကြုံလာရမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတဲ့ အိန္ဒိယဟာသအက်ရှင် စွန့်စားခန်းအပြည့်နဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း