ဇာတ်ကားများ ရွေးရန်

Ronth

2025ဇာတ်ကားWeb-dl 1080p

ည‌ကင်းလှည့်ရဲတွေရဲ့ ဘဝကိုထင်ဟပ်ပြသထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ခရစ္စမက်ညမှာ ယိုဟန်နာနဲ့ ဒင်နက် ဆိုတဲ့ရဲနှစ်ယောက်က ညကင်းလှည့်တာဝန်ကျတယ်။တစ်မြို့လုံးကို ပတ်သွားပြီး လမ်းမှာတွေ့တဲ့ပြဿနာတွေကို ဖြေရှင်းပေးရတာဖြစ်တယ်။ အဲ့ဒီညက ဆင်းရဲတဲ့ကောင်လေးနဲ့ ချမ်းသာတဲ့ကောင်မလေးတို့ ခိုးရာလိုက်ပြေးတဲ့ ကိစ္စမှာ ကောင်မလေးအစ်ကိုလူမိုက်တွေက ကောင်လေးကိုမြေလှန်ရှာကြတယ်။ ယိုဟန်နန်နဲ့ ဒင်နက်တို့က ဒါကိုဘယ်လို‌တွေဖြေရှင်းပေးမှာလဲ။ တစ်ညလုံး အမျိုးမျိုးသော ပြဿနာတွေကို နှစ်ယောက်သား မနားမနေဖြေရှင်းရင်း နောက်ဆုံးမှာ ခိုးရာလိုက်ပြေးတဲ့စုံတွဲအမှုက သူတို့နှစ်ယောက်ရဲ့ဘဝကို ဘယ်လိုတွေရိုက်ခတ်လာမလဲဆိုတာကို ဇာတ်ကားရဲ့အဆုံးသတ်မှာ အလှည့်အပြောင်းအနေနဲ့ ကြည့်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ယိုဟန်နာအဖြစ် မင်းသား Dileesh Pothan နဲ့ ဒင်နက်အဖြစ် မင်းသား Roshan Mathew တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း