ဇာတ်ကားများ ရွေးရန်

Escape

2024ဇာတ်ကားBlu-ray 1080p

Martin Scorsese ထုတ်လုပ်ပြီး Rodrigo Cortes ရိုက်ကူးတဲ့ Thriller/ Comedy စပိန်စကားပြော ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားတဲ့ ချစ်ရသူဇနီးဆုံးပါးပြီး ၁၀လအကြာ ... ‘အန်’တစ်ယောက် ဘဝမှာဘာကိုမှ ဆုံးဖြတ်ချက်မချချင်တော့ဘဲ သူ့ရဲ့လွတ်လပ်ခွင့်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ သူ့ဘေးမှာရှိနေပေးတဲ့ ညီမလုပ်သူနဲ့ စိတ်ရောဂါကုဆရာဝန်တို့လည်း စိတ်ပျက်ရုံမှအပ သူတို့လည်းဘာမှမလုပ်ပေးနိုင်ကြတော့ဘူး။ အန်က သူ့ဘဝကို အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးချင်တယ်ဆိုပြီး ထောင်ကျနိုင်မယ့် ပြစ်မှုမှန်သမျှ ကျူးလွန်တော့တယ်။ ညီမလုပ်သူက သူထောင်မကျရေး အသည်းအသန်လိုက်ကြိုးပမ်း၊ သူက ထောင်ဒဏ် နှစ်များများကျဖို့အတွက် စဉ်းစားမိသမျှ အကုန်လုပ်နဲ့။ အမှုတွေဘယ်လောက်ထိ သူကျူးလွန်မလဲ။ သူ့ဆန္ဒတွေ ပြည့်မြောက်မလားဆိုတာကတော့...။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း