ဇာတ်ကားများ ရွေးရန်

Pizza

2012ဇာတ်ကားWeb-dl 1080p

အရမ်းကြောက်ဖို့ကောင်းတဲ့ အိန္ဒိယသရဲကားပဲ ဖြစ်ပါတယ်။ မိုက်ကယ်ဆိုတဲ့ ပီဇာပို့သမားလေးက သရဲဆို အရမ်းကြောက်တတ်တယ်။ လက်မထပ်ရသေးပေမယ့် အတူနေနေတဲ့ သူ့ရဲ့ကောင်မလေး အာနူးကတော့ သရဲအကြောင်းကို အရမ်းစိတ်ဝင်စားပြီး သရဲဝတ္တုရေးဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ တစ်ညမှာ မိုက်ကယ်တစ်ယောက် ဘန်ဂလိုတစ်ခုကို ပီဇာသွားပို့ရင်း အရမ်းခြောက်ခြားစရာကောင်းတဲ့ အဖြစ်ပျက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ထိုအဖြစ်အပျက်ပြီးတဲ့နောက်မှ သူ့ရဲ့ကောင်မလေး အာနူးက ရုတ်တရက် ပျောက်သွားပြီး သေသွားပြီလို့ ယူဆလိုက်ရပါတယ်။ ဇာတ်လမ်းက လှည့်ကွက်တွေအပြည့်နဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ အာနူးက ဘယ်ရောက်သွားတာလဲ၊ တကယ်သေသွားတာလား၊ လှည့်ကွက်က ဘယ်လိုမျိုးဖြစ်မလဲဆိုတာကို ထိတ်လန့်စရာပြကွက်တွေနဲ့အတူ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မိုက်ကယ်အဖြစ် မင်းသား Vijay Sethupathi၊ သူဌေး ရှန်မူဂန် အဖြစ် မင်းသားကြီး Aadukalam Naren နဲ့ အာနူးအဖြစ် မင်းသမီး Ramya Nambessan တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း