ဇာတ်ကားများ ရွေးရန်

Hot for Teacher

2006ဇာတ်ကားWeb-dl 1080p

အွန်းဂျီယောင်းဆိုတဲ့ကောင်မလေးက အလုပ်သင်ဆရာမအနေနဲ့ ယောက်ျားလေးကျောင်းတစ်ကျောင်းကို အလုပ်ဝင်ခဲ့ပါတယ်။ ရုပ်ရည်က တကယ့်အလှပဂေးလေးမလို့ ကျောင်းသားတိုင်းလိုလို ကြွေဆင်းကြရတဲ့ အလှမျိုးပေါ့။ ကျောင်းမှာ ဆရာမကို အပြစ်ရှာဖို့ မျက်စိဒေါက်ထောက်လိုက်ကြည့်နေတတ်တဲ့ ဆရာချာ ဆိုတဲ့ ဆရာတစ်ဦးလည်းရှိနေပြန်ပါတယ်။ အွန်းဂျီယောင်းကိုသဘောကျနေတဲ့ ကျောင်းသားတွေထဲမှာ အွန်းဂျီယောင်းစာသင်ရမဲ့ အခန်းထဲက ကျောင်းသား၃ယောက်ဖြစ်တဲ့ ဂင်ထယ်ဟို၊ အန်းမြောင်ဆော့နဲ့ ဘယ်ဂျယ်ဆော့တို့၃ယောက်လည်း အပါအဝင်ပါပဲ။ သူတို့ကျောင်းမှာ နှစ်တိုင်း ပွဲတစ်ခုစီစဉ်ရတာမလို့ ကျောင်းသား၃ယောက်နဲ့ ဆရာမဂျီယောင်းတို့အတူ musicalတစ်ခုဖန်တီးမယ်ဆိုပြီး အကတိုက်ကြရင်း ကျောင်းသား၃ယောက် ဆရာမကို ဘယ်လိုကြောင်ကြမလဲ ? ပြစ်ချက်လိုက်ရှာနေတဲ့ ဆရာချာကရော ဘယ်လိုဟာတွေတွေ့ပြီး ဘာပြဿနာတွေတက်ကြမလဲဆိုတာ ရယ်မောဖွယ်ကြည့်ရှုကြရမှာပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း