ဇာတ်ကားများ ရွေးရန်

Coolie

2025ဇာတ်ကားWeb-dl 4K SDR

ဗီဆခပတ်နမ်ဆိပ်ကမ်းမှာ မှောင်ခိုသမားဆိုင်မွန်က ရွှေနဲ့အကောင်းစားနာရီတွေကို သူ့လက်ထောက်ဒါယယ်နဲ့အတူ ကုန်သွယ်တဲ့အလုပ်လုပ်တယ်။ သူ့သားအာဂျွန်က သူ့အလုပ်ကိုဆက်မယူဘဲ အကောက်ခွန်အရာရှိပဲလုပ်တယ်။ သူတို့အလုပ်သမားတွေထဲမှာ ရဲအသွင်ယူထားတဲ့ဒါယယ့်ကိုမိသွားပြီး အသတ်ခံလိုက်ရပြီးတော့၊ သူတို့အဖွဲ့ထဲမှာရှိတဲ့နောက်ထပ် အသွင်ယူရဲကိုရှာနိုင်ရင် ၂ကုဋေပေးမယ်ဆိုပြီး ဆုကြေးထုတ်ပေးလိုက်တယ်။ တစ်ဘက်ကချန်နိုင်းမှာ ဒေဗာကတည်းခိုခန်းတစ်ခုဖွင့်ထားတယ်။ သူ့သူငယ်ချင်းရာဂျာရှယ်ကာ ဆုံးသွားပြီလို့ကြားလိုက်ရတဲ့အချိန် ဈာပနကိုလိုက်သွားပြီး သူ့သူငယ်ချင်းဆုံးတာက ရိုးရိုးတန်းတန်းမဟုတ်ဘဲသိလိုက်ရတယ်။ ထပ်ပြီးတော့ အဲဒီသေဆုံးမှုက ဆိုင်မွန်တို့နဲ့သက်ဆိုင်နေမှန်းသိလိုက်ရချိန်မှာ သူတို့အဖွဲ့နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့လုပ်တယ်။ အဲဒီလိုနဲ့ ဆိုင်မွန်တို့လုပ်ငန်းကြီးရဲ့နောက်ကွယ်ကအမှန်တရားကို ထပ်တူးဖော်မိလိုက်ချိန် ဘာဆက်ဖြစ်မလဲဆိုတော့ ဒီဇာတ်လမ်းမှာ စောင့်ကြည့်လို့ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း