ဇာတ်ကားများ ရွေးရန်

Haider

2014ဇာတ်ကားအမှတ် 8/10Blu-ray 1080p

ပဋိပက္ခတွေ ပြည့်နှက်နေတဲ့ ကက်ရှ်မီးယားဒေသကို အိမ်ပြန်လာတဲ့ ကျောင်းသားလေးက သူ့အဖေ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားတာကို သိလိုက်ရပါတယ်။ ဒါပေမဲ့ သူ တကယ်တမ်း ပြိုလဲသွားရတာက သူ့အမေက ဦးလေးအရင်းဖြစ်သူနဲ့ လက်ထပ်လိုက်ချိန်မှာပါ။ အမှန်တရားကို ရှာဖွေရင်း သူ့အဖေရဲ့ သေဆုံးမှုနောက်ကွယ်မှာ မိသားစုဝင်တွေ ကိုယ်တိုင် သစ္စာဖောက် ပါဝင်နေတယ်ဆိုတဲ့ ကြောက်မက်ဖွယ် သတင်းစကားတစ်ခု ရလာတဲ့အခါ... ကလဲ့စားချေခြင်း နဲ့ ရူးသွပ်ခြင်းကြားက ဇာတ်လမ်းတစ်ပုဒ် စတင်ပါတော့တယ်။ မိသားစုလျှို့ဝှက်ချက်တွေ၊ နိုင်ငံရေးပရိယာယ်တွေနဲ့ "လက်စားချေခြင်းက နောက်ထပ် လက်စားချေမှုကိုပဲ မွေးဖွားစေသလား" ဆိုတဲ့ မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်ကားက ဇာတ်သိမ်းအထိ တထိုင်တည်း ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း