ဇာတ်ကားများ ရွေးရန်

Bison: Kaalamaadan

2025ဇာတ်ကားအမှတ် 8/10Web-dl 1080p

ရန်ငြိုးတွေ၊ သွေးစွန်းတဲ့ ပဋိပက္ခတွေ လွှမ်းမိုးနေတဲ့ ကျေးရွာတစ်ရွာမှာ အားကစားကို ရူးသွပ်တဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်နဲ့ လက်တွေ့ဘဝကြားက ရုန်းကန်မှုကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ကဘော်ဒီကစားနည်းဆိုတာ ရိုးရှင်းတဲ့ အားကစားတစ်ခုထက်ပိုပြီး လူတန်းစား ခွဲခြားမှုတွေ၊ ဒေသတွင်း အာဏာပြိုင်ဆိုင်မှုတွေနဲ့ ဘယ်လောက်ထိ ရှုပ်ထွေးနက်နဲနေလဲဆိုတာကို မြင်တွေ့ရမှာပါ။ ကိုယ့်သွေးသားကို အန္တရာယ်ကင်းစေချင်တဲ့ ဖခင်တစ်ယောက်ရဲ့ အကြောက်တရားနဲ့ ခြံစည်းရိုးခတ်ထားတဲ့ ဘောင်တွေထဲကနေ ဖောက်ထွက်ပြီး ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ချင်တဲ့ သားဖြစ်သူတို့ကြားက အားပြိုင်မှုတွေက ကြည့်ရှူသူကို ဆွဲဆောင်သွားမှာ အသေအချာပါပဲ။ ဒီဇာတ်ကားမှာ အားကစားစိတ်ဓာတ်ရဲ့ ပြင်းထန်မှုနဲ့အတူ စိတ်ဓာတ်မကျဘဲ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ကို ပီပီပြင်ပြင် တင်ဆက်ထားပါတယ်။ အရည်အချင်းရှိပေမဲ့ နေရာမရခဲ့တဲ့ အချိန်တွေ၊ ရွာတွင်း ရန်ပွဲတွေကြားမှာ ဒဏ်ရာရခဲ့ပေမဲ့ လက်မလျှော့ဘဲ လက်တစ်ဖက်တည်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေက ကြည့်ရှုသူကို ရင်ခုန်စိတ်လှုပ်ရှားစေမှာပါ။ ဒေသတွင်း ပွဲစဉ်တွေကနေတဆင့် နိုင်ငံအဆင့်ထိ တက်လှမ်းဖို့ ကြိုးစားတဲ့ လမ်းခရီးကြမ်းကို ဒရမ်မာဆန်ဆန်၊ အက်ရှင်ဆန်ဆန် ရိုက်ကူးထားတာမလို့ မျက်တောင်မခတ်တမ်း ကြည့်ရှုရမဲ့ဇာတ်ကားကောင်းဖြစ်ကြောင်း အကြုံပြုချင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း