Bison: Kaalamaadan
ဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံက ကဗာဒီကစားသမား မာနသီဂါနီဆမ်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကစ်တန် ဆိုတဲ့ ကောင်လေးဟာ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုတွေနဲ့ တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်နေကြတဲ့ ထိတ်လန့်စရာ ကျေးလက်တစ်ခုမှာ မွေးဖွားလာခဲ့တယ်။ ငယ်ငယ်ကတည်းက ကဗာဒီကစားတာ ဝါသနာပါပေမဲ့ အဖေလုပ်သူက မကစားခိုင်းတဲ့အတွက် ဆရာ့ရဲ့အကူအညီနဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တာ နောက်ဆုံး ဂျပန်နိုင်ငံကိုသွားပြိုင်ဖို့ အဆင့်ထိ ပါလာခဲ့ချိန်မှာတော့ ကစ်တန်တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ဘိုးဘွားစဉ်ဆက် ဖြစ်ပေါ်လာတဲ့ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုက ကစ်တန်ရဲ့ လမ်းခရီးကို ဘယ်လိုတွေ အတားအဆီးဖြစ်စေမလဲ နောက်ဆုံးမှာ ကစ်တန်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ခဲ့လားဆိုတာကို စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကစ်တန် အဖြစ် မင်းသား Dhruv Vikram ၊ ကစ်တန်ရဲ့အဖေ ဗီလုဆာမီ အဖြစ် Pasupathy နဲ့ ရာနီ အဖြစ် မင်းသမီး Anupama Parameswaran တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း