ဇာတ်ကားများ ရွေးရန်

Takers

2010ဇာတ်ကားBlu-ray 1080p

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2010က ထွက်ရှိထားတဲ့ Takers ဆိုတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Paul walker Eldris Elba တို့လို ကမ္ဘာကျော်မင်းသားတွေအပြင် Chris brownပါ ပါ၀င်ထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်ပြီး အက်ရှင်ချစ်သူအတွက် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကားအကျဉ်းချုပ်ကတော့ Paul walker တို့လည်း ဘဏ်တွေဖောက် ပိုက်ဆံတွေကိုလုယက်ပြီး အသက်မွေးကြတဲ့လူတွေဖြစ်ပြီး ရဲတွေကလည်း သူတို့ကို အပူတပြင်းလိုက်ရှာနေကြတာပါ။ တစ်နေ့မှာတော့ သူတို့အဖွဲ့ထဲက တစ်ယောက် ထောင်ကနေ ပြန်လွတ်လာပါတော့တယ်။ အဲ့မှာတင် သူက ပိုက်ဆံအချီကြီးရမယ့်‌လုယက်မှုတစ်ခုအကြောင်းကို ပြောပါတော့တယ်။ Paul walker တို့အဖွဲ့ဟာ သူ့ကို မယုံကြည်ပေမယ့် ပိုက်ဆံမြိုးမြိုးမြက်မြက်ရမှာမို့ လုပ်ကြဖို့ သဘောတူလိုက်တဲ့အခါမှာ ဘာတွေဖြစ်လာမလဲ။ ဘယ်လိုတွေတွေ့ကြုံရမလဲ။ သူတို့တွေ အောင်အောင်မြင်မြင်လုယက်နိုင်မှာလား။ရဲတွေကရော သူတို့ကိုဖမ်းမိမှာလား။ စတာတွေကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ဇာတ်ကားလေးမို့ အမြန်ပဲ ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Paing Chan Thar ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း