ဇာတ်ကားများ ရွေးရန်

The Raja Saab

2026ဇာတ်ကားWeb-dl 4K SDR

ဘာဟုဘာလီမင်းသားရဲ့ ဟာသ သရဲကားလေး ဖြစ်ပါတယ်။ ရာဂျာဆာ ဟာ အဖွားရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ နှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့ အဖိုးကို လိုက်ရှာရင်း တောအုပ်ကြီးအလယ်က ကျောက်သံပတ္တမြားတွေ အပြည့်ရှိတဲ့ ခမ်းနားတဲ့ အိမ်ကြီးတစ်လုံးဆီ ရောက်သွားခဲ့တယ်။ အိမ်ကြီးက သူရှာနေတဲ့ သူ့အဖိုးရဲ့ အိမ်ကြီးဖြစ်ပြီး သူ့အဖိုးက လွန်ခဲ့တဲ့ လအနည်းငယ်က သေသွားတာကို သိလိုက်ရတယ်။ ရာဆာဂျာတစ်ယောက် အဖိုးလုပ်သူရဲ့ စည်းစိမ်တွေအစွဲနဲ့ လူပြန်ဝင်စားဖို့ လုပ်ထားတဲ့ အစီရင်တွေကို ဘယ်လိုအနိုင်ယူမလဲ၊ မချောလေး သုံးယောက်ကြားမှာ ဘယ်လိုတွေ ဗျာများရမလဲ၊ အိမ်ကြီးထဲက ထွက်ဖို့ ဘယ်လိုရူးကြောင်ကြောင်အကွက်တွေကို သုံးမလဲဆိုတာ ကြည့်ရမယ့် ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရာဂျာဆာ အဖြစ် မင်းသား Prabhas ၊ အနာကာရာဂျူး အဖြစ် မင်းသားကြီး Sanjay Dutt နဲ့ ဘိုင်ရာဗီ အဖြစ် မင်းသမီး Malavika Mohanan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း