ဇာတ်ကားများ ရွေးရန်

Saraswathi

2026ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးက ၁၂ နှစ်အရွယ် သမီးလေးကို မွေးနေ့မှာ ကျောင်းသွားပို့ခဲ့ရာကနေ သမီးဖြစ်သူ ရုတ်တရက် ပျောက်ဆုံးသွားတဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်အပျက်နဲ့ စတင်ထားပါတယ်။ ညနေကျောင်းဆင်းလို့ သွားကြိုတဲ့အခါ ကျောင်းဘက်က ဒီကလေးမလေး သူတို့ကျောင်းမှာ မတက်ပါဘူးဆိုပြီး လုံးဝငြင်းဆိုလိုက်တဲ့အခါမှာတော့ မိခင်တစ်ယောက်ရဲ့ ယူကျုံးမရဖြစ်မှုတွေနဲ့အတူ ကျောင်းတော်ကြီးရဲ့ နောက်ကွယ်က အကျည်းတန်တဲ့ လျှို့ဝှက်ချက်တွေ စတင်ပေါ်ပေါက်လာပါတော့တယ်။ တရားဥပဒေနဲ့ အာဏာပိုင်တွေကပါ အားကိုးလို့မရတော့တဲ့အဆုံးမှာ နစ်နာသူဘဝကနေ ရက်စက်တဲ့ လူသတ်သမားအဖြစ် ပြောင်းလဲသွားတဲ့ မိခင်တစ်ယောက်ရဲ့ ပြင်းထန်တဲ့ ကလဲ့စားချေမှုတွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာပါ။ အမျိုးသမီးတွေက အမြဲတမ်း အနိုင်ကျင့်ခံ နစ်နာသူတွေအဖြစ် နေထိုင်သွားမှာမဟုတ်ဘဲ လိုအပ်လာရင် ကာလီမယ်တော်လို ကြမ်းတမ်းပြတ်သားစွာ တုံ့ပြန်တတ်ကြောင်းကို အကောင်းဆုံး ရိုက်ကူးတင်ဆက်ထားတဲ့ စိတ်လှုပ်ရှားဖွယ် မှုခင်းဒရာမာ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း