Oh Butterfly
ဒီဇာတ်ကားလေးကတော့ အတိတ်ကအမှားတစ်ခုကြောင့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ရုန်းကန်ကုစားနေရတဲ့ ဂေါ်ရီ ဆိုတဲ့ကောင်မလေးရဲ့ခံစားချက်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဂေါ်ရီက သူမရဲ့ ခင်ပွန်းဖြစ်သူ အာဂျွန် သေဆုံးခဲ့ရတာက သူမကြောင့်ဆိုတဲ့ အပြစ်မကင်းစိတ်နဲ့ ရှင်သန်နေရသူပါ။ သူမ တစ်ခုခုလုပ်ဖို့ ကြံစည်တိုင်း "ငါ့ကြောင့် သူ သေသွားမလား" ဆိုတဲ့ ကြောက်ရွံ့ပူပန်မှုတွေက သူမကို အမြဲခြောက်လှန့်နေခဲ့ပါတယ်။ အာဂျွန် မသေခင်တုန်းက ဂေါ်ရီက အာဂျွန့်သူငယ်ချင်း (သူမရဲ့ ရည်းစားဟောင်း) ဆူရီ ကို အရွဲ့တိုက်ချင်စိတ်တစ်ခုတည်းနဲ့ အာဂျွန်ကို လက်ထပ်ခဲ့တာဆိုတဲ့ အမှန်တရားကို အာဂျွန့်ကို ပြောပြဖို့အတွက် ရွာလေးတစ်ရွာက သူမအဖေရဲ့အိမ်ကို ခေါ်သွားခဲ့ပါတယ်။ ကံဆိုးချင်တော့ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမှာ အာဂျွန်က ဆူရီနဲ့ ရုတ်တရက် ပြန်တွေ့ပြီး ဆူရီကို အိမ်ခေါ်လာခဲ့ချိန်မှာတော့ ဂေါ်ရီတစ်ယောက် ရည်းစားဟောင်းကို ပြန်တွေ့ရချိန်မှာ ဘယ်လိုခံစားချက်တွေ ဖြစ်ပေါ်လာမှာလဲ၊ အချစ်တွေလား၊ အမုန်းတွေလား၊ အာဂျွန့်ကိုရော ဖွင့်ပြောဖြစ်ဦးမှာလား၊ အာဂျွန်က ဘယ်လိုသေခဲ့ရတာလဲ ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အာဂျွန် အဖြစ် မင်းသား Attul R. ၊ ဆူရီ အဖြစ် မင်းသား Ciby Bhuvana Chandran နဲ့ ဂေါ်ရီ အဖြစ် မင်းသမီး Nivedhithaa Sathish တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း