ဇာတ်ကားများ ရွေးရန်

Bro

2023ဇာတ်ကားအမှတ် 6/10Web-dl 1080p

* Movie Request ထဲက ဇာတ်ကားဖြစ်ပါတယ် ဒီတစ်ခါ ပရိသတ်ကြီးကို ဘဝအတွက် အတွေးအမြင်တွေ အများကြီးရစေမယ့်အပြင် ရယ်လည်းရယ်ရ ငိုလည်းငိုရနဲ့ စိတ်ခံစားချက်မျိုးစုံပေးစွမ်းနိုင်မယ့် တလဂူ ဟာသကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းလေးကတော့ အမြဲတမ်း အလုပ်တွေရှုပ်ပြီး "အချိန်မရှိဘူး" လို့ တတွတ်တွတ်ညည်းနေတတ်တဲ့ ကုမ္ပဏီဝန်ထမ်း လူငယ်လေး မာ့ခ် ရဲ့ အကြောင်းပါ။ ကံဆိုးစွာနဲ့ပဲ သူဟာ ကားအက်ဆီးဒင့်ဖြစ်ပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရှေ့ကို 'အချိန်နဲ့ ကံကြမ္မာ' ကို အစိုးရတဲ့ နတ်မင်းကြီး (Bro) ကိုယ်တိုင် ရောက်လာပါတော့တယ်။ မာ့ခ် မိသားစုတာဝန်တွေ မပြီးသေးလို့ အချိန်နည်းနည်းလောက် ထပ်ပေးဖို့ တောင်းပန်ခဲ့တာကြောင့် ဘရိုက သူ့ကို နောက်ထပ် ရက်ပေါင်း ၉၀ အချိန်ပိုပေးပြီး လူ့ပြည်ကို အတူတူ လိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်ကို တန်ဖိုးမထားခဲ့တဲ့ လူငယ်လေးတစ်ယောက် ကံကြမ္မာနတ်မင်းကြီးနဲ့အတူနေထိုင်ရင်း ဘဝရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်၊ မိသားစုရဲ့မေတ္တာတွေကို ဘယ်လိုနားလည်သွားမလဲ၊ ပေးထားတဲ့ ရက် ၉၀ ပြည့်တဲ့အခါမှာရော ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသလေးနှောရင်း ကြည့်ရှုခံစားရမှာပါပဲ မင်းသားကြီး ပဝမ်ကလျာဏ် (Pawan Kalyan) နဲ့ ဆိုင်ဓရမ်တေဂျာ (Sai Dharam Tej) တို့ ဦးဆောင်ပြီး သရုပ်ဆောင်ထားတဲ့အပြင် မင်းသမီးချောလေး သရီလာ (Sreeleela) လည်း ပါဝင်ထားတာမို့လို့ ပရိသတ်ကြီးအနေနဲ့ ရယ်မောရင်း ၊ မျက်ရည်ဝဲရင်းနဲ့ ခံစားကြည့်ရှု အားပေးကြနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်

ဇာတ်လမ်းအကြောင်း