Leader
သာမန် စက်ပြင်သမားလေး ရှက်သီက သူ့ရဲ့ မိတဆိုးသမီးလေး အိုင်ရင်းကို အရမ်းချစ်ပြီး ဘဝကို ရိုးရိုးရှင်းရှင်း နေထိုင်သူတစ်ယောက်ပါ။ သူနေတဲ့မြို့မှာတော့ အင်အားကြီးတဲ့ လူဆိုးဂိုဏ်းတစ်ခုက မြို့ရဲ့အဓိကဆိပ်ကမ်းကို လက်ဝါးကြီးအုပ်ပြီး တစ်မြို့လုံးကို ခြယ်လှယ်နေပါတယ်။ ဘယ်ရဲအရာရှိမှ မလွန်ဆန်ရဲပေမဲ့ သမာသမတ်ကျတဲ့ အရာရှိတချို့က အဲ့ဒီဂိုဏ်းကို ဖမ်းဖို့လုပ်ရင်း ရှက်သီပါ အဲ့ဒီပြဿနာထဲ ရောက်သွားခဲ့ရပါတယ်။ အမှန်တော့ ရှက်သီက သာမန်စက်ပြင်သမားလေး မဟုတ်ဘဲ နာမည်ကြီး လျှို့ဝှက်ထောက်လှမ်းရေးသမား ဖြစ်နေပြီးတော့ အတိတ်မှာ ဘာတွေဖြစ်ပျက်ခဲ့ပြီး အခုလက်ရှိလူဆိုးဂိုဏ်းနဲ့ ဘယ်လိုတွေ ပတ်သက်နေမလဲဆိုတာကို ဇာတ်လမ်းက ရိုးရှင်းမယ်ထင်ရပေမယ့် နောက်ဆုံးထိ လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရှက်သီ အဖြစ် မင်းသား Legend Saravanan ၊ ဒီဗယ် အဖြစ် မင်းသား Santhosh Prathap နဲ့ မီရာ အဖြစ် မင်းသမီး Payal Rajput တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း