ဇာတ်ကားများ ရွေးရန်

Blast

2026ဇာတ်ကားWeb-dl 1080p

အက်ရှင်ကားကောင်းကောင်း မျှော်နေတဲ့အိန္ဒိယပရိသတ်ကြီးအတွက် တောင်ပိုင်းဇာတ်ကြမ်းကားတစ်ခု တင်ဆက်ပေးချင်ပါတယ် အရင်ခေတ်ဇာတ်ကားတွေရဲ့ အငွေ့အသက်ကို အပြည့်အဝရတဲ့အပြင် ရိုက်ချက်တွေကလည်း ခေတ်မှီတာမို့ အက်ရှင်ကားပရိသတ်တွေ အကြိုက်တွေ့ကြမှာ သေချာပါတယ် ဇာတ်လမ်းလေးကတော့...နီလာ ရဲ့ အဖေက ကရာတေးဆရာပါ သူ့ကို ငယ်ငယ်လေးတည်းက အနိုင်ကျင့်တာခေါင်းငုံ့မခံဖို့ မတရားမှုတွေလက်ပိုက်မကြည့်တတ်ဖို့ အဖေက ဆုံးမပေးခဲ့ပါတယ် ဆုံးမပေးတဲ့အပြင် တိုက်ခိုက်ရေးပညာကိုလည်း တစ်ဖက်ကမ်းခတ် သင်ပေးလိုက်ပါသေးတယ်...အဖေနဲ့သမီးကပဲ ကြမ်းတာလားဆိုတော့ မဟုတ်ပါဘူး။ သူတို့မာမီကလည်း ကရာတေးပညာရှင်တစ်ယောက်ပါ။ ဖိုက်တာမိသားစုဆိုတော့ ထစ်ခနဲရှိတွယ်နေကျလုပ်ရင်း နီလာတစ်ယောက် သတို့သားကို ရှာမတွေ့နိုင်သေးပါဘူး။ သူ့အမေက သမီးလေးကို မိန်းမသားပီပီ နေရာတကာလက်မပါဖို့ ဆုံးမနေရင်း နီလာ တစ်ယောက် မတရားမှုကို ခေါင်းငုံ့မခံ ဖြေရှင်းဖို့ ထုံးစံအတိုင်း လူတစ်ယောက်ကို တွယ်ထုတ်လိုက်ပါတယ်။ သူတွယ်ထုတ်လိုက်တဲ့လူရဲ့နောက်ကွယ်မှာ သပွတ်အူအရှုပ်ထုပ်ကြီး ရှိနေတဲ့အခါမှာတော့..... အက်ရှင်ကားဆိုပေမယ့် ဇာတ်လမ်းအချိတ်အဆက်တွေက မိုက်တဲ့အပြင် မိသားစုသုံးယောက် Aura Farm တဲ့ အကွက်တွေကလည်း အရမ်းကြမ်း မင်းသမီးလေးနှစ်ယောက်ကလည်း ကြမ်းတမ်းပြနေပေမယ့် ရုပ်လေးတွေလည်း ချောချောလှလှလေးတွေဆိုတော့ အက်ရှင်ကားကိုမှ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းကြိုက်သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးပါပဲ

ဇာတ်လမ်းအကြောင်း